Chapter 12

24.9K 2.7K 37
                                    

Unicode

လူတစ်ယောက်ကိုချစ်ဖို့ ဘာတွေလိုအပ်လဲ သူမသိခဲ့ဘူး။ အကို့ကိုဘာလို့ချစ်မိလဲသူမသိဘူး။ သူ့ကိုသူ သေချာစဥ်းစားသည်။ဂေးတစ်ယောက်လား။ သူဂေးမဟုတ်တာတော့ သေချာသည်။ ဒါဆိုဘာလို့ ယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားတာလဲ။ သူချစ်မိတာ အကို့ရဲ့ဖြစ်တည်မှုလေးကိုပါ။ သွားလေးတွေပေါ်အောင်ပြုံးတတ်တဲ့အပြုံးပိုင်ရှင်၊ နှုတ်ခမ်းအောက်က မှည့်ကလေးရဲ့ပိုင်ရှင်၊ ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်မောကျတတ်တဲ့ sleeping beauty၊ သူ့အပေါ်ကို အမြဲကြင်နာစွာကြည့်တတ်တဲ့ မျက်နက်ဝန်းလေး၊ အစရှိသဖြင့်ပေါ့။

ဒါတွေအားလုံးကို သူသဘောကျမိတာ။ သူသဘောကျမိတဲ့ အရာအားလုံးဟာလည်း အကိုပဲပိုင်ဆိုင်တာ။ ထို့ကြောင့် သူ့အဖြေက ရိုးရှင်းသည်။ သူအကို့ကိုချစ်သည်။ ဒါပေမယ့်သူ သတ္တိမရှိသေးဘူး။ အကို သူ့အပေါ် ဘယ်လိုသဘောထားသလဲဆိုတာလဲ သူမသိဘူး။ ရိုးသားဖြူစင်တဲ့အကိုက သူ့အပေါ် အာ့လိုစိတ်တွေရှိပါ့မလား။ နောက်ပြီး သူတို့ကအပြင်မှာလည်း မတွေ့ဖူးဘူး။ ဒါကအရေးကြီးဆုံးအချက်။ အပြင်မှာတောင် မတွေ့ဖူးသူတစ်ယောက်ကို ချစ်မိတယ်ဆိုတာ သူတစ်ခါမှတောင် တွေးမကြည့်ဖူးခဲ့။ နောက်ပြီးတော့ သူ့online love storyက ယောက်ျားလေးတစ်ယောက်ကိုမှ ချစ်မိသွားခြင်းပါ။

သူ့ရဲ့ချစ်စိတ်တွေကိုသူဘယ်လိုထိန်းရမလဲ။ တစ်ရက်လောက်လေး အဆက်အသွယ်မရတာတောင် နေမထိထိုင်မသာဖြစ်နေတာ။ ဒီအတွေးတွေကြောင့် တော်တော်နှင့်အိပ်မရ။ ဖုန်းလေးကိုင်ပြီး စောင့်နေခဲ့ပေမယ့် တစ်ညလုံးအက်ိုလိုင်းတက်မလာခဲ့ပါ။ အကိုစာပို့လာရင် မသိမှာစိုးလို့ လိုင်းတောင်မပိတ်ပဲထားလိုက်သည်။

အောက်ထပ်မှ စာသင်သံတွေကြားမှ သူနိုးလာသည်။ အကို့ကြီးရဲ့ class စနေပြီ။ အတန်းက ၁၀နာရီမှာ စတာဖြစ်သည်။ ဒါဆို နေတောင်မြင့်နေပြီပဲ။ သူချက်ချင်း ဘေးနားက ဖုန်းကိုက်ပြီး ယူကြည့်လိုက်သည်။ အကို့ဆီက စာဝင်နေမလားဆိုပြီး။ ig က စာဝင်ထားသည့် notiလေးပေါ်နေတော့ ဝမ်းသာအားရနှင့် ဖွင့်ကြည့်လိုက်သည်။ အကိုက ပုံတစ်ပုံပို့ထားတာပါ။ ဒါပေမယ့်ပုံကိုတွေ့ပြီး စိုးရိမ်စိတ်ကစောင့်တက်လာသည်။ ပုံက drip ချိတ်ပြီး ဆေးသွင်းနေတဲ့ လက်မောင်းကို ရိုက်ထားတဲ့ပုံဖြစ်သည်။ အကိုပတ်နေကျနာရီပါ ပါနေတာ ကြောင့် အကို့လက်ဆိုတာ သေချာသည်။ ပုံပို့ထားတာ လွန်ခဲ့တဲ့ ၁နာရီခွဲလောက်ကတည်းက။ အကိုဘာဖြစ်လို့လဲ။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now