Chapter17

25.5K 2.4K 4
                                    

Unicode

ဒီနေ့ပြည့်သူနိုးလာတော့ အရင်ဆုံးလုပ်မိတာက ဖုန်းဖွင့်ကြည့်တာဖြစ်သည်။ သူနိုးတော့၈နာရီတောင်ခွဲနေပီ။ မြန်မာစံတော်ချိန် ၈နာရီခွဲဆိုရင် ဂျပန်စံတော်ချိန်က ၁၁ရှိပီပေါ့။ အကိုရုံးမှာအလုပ်ရှုပ်နေချိန်ပဲ။ အင်း တစ်ခါလောက်တော့ အကို့ရဲ့ အလုပ်လုပ်နေတဲ့ပုံစံလေးမြင်မိချင်သား။ suit ဝတ်ထားပီးတော့ အပြုံးအေးအေးလေးနဲ့ အလုပ်မှာ သေချာရှင်းပြနေမယ့် အကိုက အရမ်းကို ဆွဲဆောင်မှုရှိမှာအသေအချာပဲ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အခုထိအပြင်မှာ မမြင်ဖူးသေးတဲ့ ကိုယ့်အဖြစ်ကိုယ်တွေးမိတော့ ပြည့်သူမချင့်မရဲဖြစ်မိသည်။ ပြောင်းပြန်တွေးကြည့်တော့ လူချင်းမဆုံဖူးသေးတဲ့သူတစ်ယောက်ကို ချစ်မိတဲ့သူ့အဖြစ်ကလည်း နည်းနည်းတော့ ခွကျကျသား။

Online love storyတွေကို ကြားဖူးပေမယ့် ကိုယ်တိုင်ကြုံလာရမယ်လို့တော့ နည်းနည်းတောင်မထင်ထားမိခဲ့ပေ။ ဘယ်လို storyပဲဖြစ်စေ ဇာတ်သိမ်းကောင်းသော love storyတစ်ပုဒ်ဖြစ်ဖို့သာ ဆုတောင်းမိသည်။

"မောနင်း အကို
အလုပ်မှာအဆင်ပြေပါစေ
နေ့ခင်းစာလည်းသေချာစားပါ
ကျွန်တော့်ကိုလည်း သတိရပါ
I love you "ဆိုတဲ့ messageလေးပို့ပြီးတော့ သူ့ရဲ့တစ်နေ့တာကိုစတင်လိုက်သည်။

တစ်ဖက်ကဖြိုးမိုးတစ်ယောက်ကတော့ သူတာဝန်ယူပြီး ခေါင်းဆောင်လုပ်နေရတဲ့ projectက deadlineနီးနေပြီဖြစ်လို့ ကွန်ပျုတာကနေ မျက်လုံးတစ်ချက်တောင်မလွှဲရဲသလို၊ keyboardပေါ်မှာ ပြေးလွှားနေတဲ့ သူ့လက်ချောင်းတွေကိုလည်း တစ်ချက်မှ အနားပေးချိန်မရှိပေ။ ညနေ ၂နာရီမှာ projectအပ်ရမှာဖြစ်လို့ အစစအရာရာကို တစ်ချက်ချင်းပြန်စစ်ရမှဆိုတော့ ဒီနေ့ နေ့ခင်းစာကတော့
Onigiriဆိုတဲ့ ဂျပန်ရေညှိထမင်းဆုပ် တစ်ခုနဲ့တင်ပြီးရပေလိမ့်မည်။

သူ့အဖွဲ့မှာ သူတစ်ယောက်သာ နိုင်ငံခြားသားဖြစ်သည်။ ကျန်တဲ့သူတွေက ဂျပန်လူမျိုးတွေဖြစ်သည်။ ဒါပေမယ့် internshipဆင်းတဲ့ အလုပ်သင်လေးက ၂ယောက်နှင့် ကျန်တဲ့သူတွေကလည်း အလုပ်ဝင်ကာစတွေဖြစ်သဖြင့် အများကြီး အားကိုးမရသေးပေ။ သူတို့နိုင်ငံမှာ သူတို့လူမျိုးတွေကိုပြန်သင်ပေးရတဲ့ team leaderတစ်ယောက်ရဲ့တာဝန်ကလည်း မသေးပေ။ တစ်ချက်မှ အမှားခံလို့မရ။ မှားလိုက်မိတာနဲ့ ခေါင်းဆောင်ဖြစ်တဲ့သူက တာဝန်အကုန်ယူရပေလိမ့်မည်။ တာဝန်ယူမှု၊ တာဝန်ခံမှုမှာ တိကျတဲ့ သူတို့နိုင်ငံ ထုံးစံမို့ အမှားမရှိစေရန်အထပ်ထပ်အခါခါ စစ်နေရသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now