Chapter 33

24.6K 2.4K 183
                                    

Unicode

လောကကြီးမှာ တစ်နေ့ရွှေ၊ တစ်နေ့ငွေတဲ့။ ဟုတ်ပါတယ်။ သူ့အတွက် မနေ့ကတော့ ပျော်စရာအပြည့်နှင့် ဒီနေ့တော့ ဝမ်နည်းစရာအပြည့်ပေါ့။ မနေ့ညက သူတို့နှစ်ယောက် ညစျေးတရုတ်တန်းမှာ  လျှောက်သွားခဲ့ကြသည်။ တွေ့သမျှဆိုင်တိုင်း ဝင်ပြီးတော့ ကိုကိုစားချင်သမျှကို ဝယ်ကျွေးခဲ့သည်။ ဘာတစ်ခုမျှ ကုန်အောင်အများကြီး မစားနိုင်ပေမယ့် တစ်မျိုးပြီးတစ်မျိုး မှာနေတဲ့ကိုကို့ကို သူမတားခဲ့ပါ။ သူ့ပူတူတူးလေးစိတ်ချမ်းသာဖို့ဆိုရင် မတန်ဘူးဆိုတာ ဘာမှမရှိဘူးလေ။ တစ်ခုပဲ သူ စိတ်ပူခဲ့တာ။ ကိုကိုအစားများပြီး အစာမကြေမှာပဲ သူစိတ်ပူခဲ့တာ။ ဒါပေမယ့် ကိုကိုကတော့ ကိုယ့်အကြောင်းကို သိလို့နှင့်တူသည်။ နည်းနည်းစီလောက်ပဲ စားတာဖြစ်သည်။

သူတို့တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး လမ်းမလျှောက်ဖြစ်ခဲ့ပေမယ့် သူ့ပခုံးကို တစ်ခါတစ်လေ လာဖက်တာ၊ သဘောကျတာတွေ့ရင် သူ့လက်မောင်းကို လှမ်းလှမ်းဆွဲပြီး ခေါ်ပြတာ၊ ဒီကြည်နူးမှုလောက်နဲ့ ကျေနပ်ရမှာပေါ့။ပန်းဆိုင်မှာ ရောင်းနေတဲ့ ဂန္ဓမာပန်းဝါဝါတွေတွေ့တော့ ငေးကြည့်ပြီး သူ့ကို မေးခွန်းတစ်ခုမေးလာတယ်။

"အချစ်က ဘာအရောင်လဲ"

"အင်း မပြောတတ်ဘူးလေ
ပန်းရောင်နဲ့တော့ တင်စားကြတာပဲမလား"

"ကိုယ့်အတွက်တော့ အချစ်က အဝါရောင်"

"ဘာလို့လဲ"

"မင်းကိုယ့်ကို  video call စပြီး ခေါ်တဲ့နေ့က မင်းဝတ်ထားတဲ့ အင်္ကျီက အဝါရောင်မလို့လေ" တဲ့

ကဲ ကြည့်။ သူ့ကို တစ်ခွန်းတည်းနဲ့ ခြွေချသွားတာ။ ကိုကိုကနော် မပြောဘူးဆိုလည်း နေနိုင်တယ်။ ပြောလိုက်ပြီဆိုရင်လည်း တစ်ခွန်းတည်းနဲ့ ဒီလူမှာ မသေမရှင်တွေဖြစ်လို့။ ဘာပြန်ပြောလို့ ပြောရမှန်းမသိဖြစ်သွားတဲ့သူ့ကို wink တစ်ချက်နဲ့  ထပ်ပြုစားသွားသေးသည်။ ခံလိုက်စမ်းပြည့်သူ။

ညစျေးကအပြန် ကျုံးတစ်ပတ် ဆိုင်ကယ်ပတ်စီးလိုက်ကြသေးသည်။ ညမိုးချုပ်နေပြီမို့ လူသွားလူလာနည်းနေပြီဖြစ်တဲ့ လမ်းမပေါ်မှာ ဆိုင်ကယ်ဖြည်းဖြည်းမောင်းရင်း လေညှင်းခံဖြစ်သည်။ ဆိုင်ကယ်စီးနေရင်း

မဟောင်းတဲ့ပုံပြင်Where stories live. Discover now