Unicode
ဖြိုးမိုးရဲ့အသက်၂၇နှစ်ပြည့်မွေးနေ့ဟာ ပုံမှန််နေ့တွေထဲက နေ့တစ်ခု ဆိုပေမယ့် စိတ်ချမ်းသာစွာနဲ့ပြီး ဆုံးခဲ့ပါသည်။ ဖုန်းစခရင်ပေါ်က ကိန်းဂဏန်းလေးဟာ 11:59 ကနေ 00:00 သို့ အတိအကျပြောင်းလဲသွားတဲ့အချိန်မှာ သူ့အင်စတာဂရမ်အကောင့်၏ မက်ဆေ့ဘောက်စ် မှာ မက်ဆေ့လေးတစ်ဆောင်ဝင်လာခဲ့ပါသည်။ သူ့ကိုယ်သူမောင်လို့ပြောရတာကို သိပ်သဘောကျတဲ့ သူ့ကလေးဆီကပေါ့။
"Happy Birthday KoKo
I wish you have a happy and healthy life forever"
ဆိုတဲ့စာလေးတစ်ကြောင်းရယ်၊ birthday song ကို ဂစ်တာလေးတီးခတ်ပြီး ဆိုပြထားတာကို ရိုက်ထားတဲ့ video fileတစ်ခုရယ်ဖြစ်သည်။ ဒီကလေးကကတိတည်သားပဲ။သူကတော့ Thanks you Mg လ်ို့ပဲ စာပြန်ပို့လိုက်သည်။ မနက်ကျ ရုံးတက်ရမှာမ်ို့ ထိုညက ဖုန်းမပြောဖြစ်တော့။ နေ့ခင်းမှာတော့ အိမ်က သူ့မွေးနေ့မို့ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်သည့် ပုံလေးတွေပို့ပေးထားသည်။ သူငယ်ချင်းတွေဆီက မွေးနေ့ဆုတောင်းလေးတွေကလည်း တတောင်တောင်ဝင်နေခဲ့သည်။ အင်း ဒီလောက်ဆို သူ့မွေးနေ့ကို စိတ်ချမ်းသာစွာဖြတ်သန်းနိုင်ပါသည်။သေတစ်နေ့ မွေးတစ်နေ့မို့ သိတတ်သည့်အရွယ်ရောက်ကတည်းက မွေးနေ့နဲ့ပတ်သတ်ပြီး အထူးတလည် ခံစားနေတာမျိုးမရှိခဲ့ပေ။ မွေးနေ့ရောက်တာနဲ့ မနက်စောစော ဘုရားသွားဖြစ်မယ်။ ဘုန်းကြီးကျောင်းတွေကို ဆွမ်းသွားပို့မယ်။ အိမ်ရှိလူကြီးတွေကို ကန်တော့မယ်။ ပြီးလျှင် သွေးလှုုဘဏ်မှာ သွေးသွားလှုုမယ်။ သူအသက် ၁၈နှစ်ပြည့်ကတည်းက တစ်နှစ်တစ်ခါ သွေးလှုူလာတာ ဒီ ဂျပန်ကို ရောက်မှပဲ မလှူဖြစ်တော့တာဖြစ်သည်။ သူငယ်တွေချင်းတွေက တောင်း ဆိုလျှင်တော့ မုန့်လိုက်ကျွေးမယ်။ ဒီလောက်ပါပဲ။မွေးနေ့ကိတ်ခွဲတာတွေဘာတွေက ယောက်ျားလေးတစ်ယောက်အနေနဲ့မလိုအပ်ဘူးဟု သတ်မှတ်သည်။ မွေးနေ့လက်ဆောင်ဆိုပြီး အိမ်က မေမေတို့ မမတို့က သူလိုအပ်မယ်ထင်တာတွေကို သူမတောင်းခင်ကတည်းက ဝယ်ပေးတတ်တော့ သူ့အနေနဲ့ အထူးတလည် မပူဆာမိ။ သူဟာ အတိတ်ဘဝက ဆုတောင်းကောင်းခဲ့သူဖြစ်လိမ့်မည်။ သူ့အနေနဲ့ လိုအင်လောဘဟူ၍လည်း သိပ်မရှိ။ လိုအပ်တာမှန်သမျှကိုလည်း အလိုလိုပြည့်နေပီးသားဖြစ်သဖြင့် သာ၍ပင် လိုအင်ဆန္ဒနည်းပါးသည်။ မေမေတို့ကတော့ စီးပွားရေးသမားပီပီ သားငယ်က လောဘနည်းလိုက်တာဆိုပြီး တစ်ခါတစ်လေအားမရဖြစ်ကြသည်။

YOU ARE READING
မဟောင်းတဲ့ပုံပြင်
RomanceUnicode လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ့ ပျောက်ကွယ်သွားရတယ်။ သူတို့နှစ် ယောက်ရဲ့ပုံပြင်ကတော့ ဘယ်တော့မှမဟောင်းမယ့်ပုံပြင်တစ်ပုဒ်ပါပဲ။ Zawgyi လူတိုင်းမှာပုံပြင်ကိုယ်စီရှိကြတယ်၊ တချို့ပုံပြင်တွေကတော့ အချိန်တန်တာနဲ...