Extra 4

18.6K 1.3K 61
                                    

Unicode 1

"အားးးးး"
ကြောက်လန့်တကြားအော်လိုက်သည့် ဖြိုးမိုး၏ အော်သံအဆုံးမှာ ပြည့်သူသည် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားသည်။
"ကိုကို
ကိုကို"
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့သလို၊ ဘာပြောလို့ပြောရမှန်းလည်းမသိတော့သောကြောင့် ကိုကိုဟုသာ ဘေးကနေ စိုးရိမ်တကြီးခေါ်နေခဲ့သည်။ ဘေးနားကိုသွားပြီး လက်ကလေးကို ဆုပ်ကိုင် အားပေးချင်ပေမယ့် သွားလို့ကမရ။
"ဟယ်
အာ့လောက်မအော်နဲ့လေ
ဒို့ဘာမှမလုပ်ရသေးဘူး"
ကိုကို့ဘေးနားက အလှဖန်တီးရှင် စတိုင်လစ်က ရယ်သံနှောပြီး စနေသည်။ သူ့မှာသာ နေမရထိုင်မရ ဖြစ်နေရသည်။
"ကဲ
စိတ်ကိုလျော့ထားနော်
မနာပါဘူး
ပုရွက်ဆိတ်ကိုက်သလောက်တောင်မနာပါဘူး"
စကားသံလည်းအဆုံး ကိုကို့ဆီက လန့်သွားသည့်
"အ" ဆိုသည့်အသံလေးကိုလည်း ကြားလိုက်ရသည်။
"တွေ့လား
မနာဘူးမလား"
"အင်း"
ကိုကို့ဆီက ဖြေသံတိုးတိုးလေး ကြားလိုက်ရမှ စိတ်အေးရတော့သည်။ အသံထက်မြန်သော နှုန်းနှင့် ကိုကို့နားကပ် သွားလိုက်သည်။
"ကိုကို နာသွားလားဟင်"
"အင်း
နည်းနည်း"
ခုဏက သူ့ဘာသာလန့်ပြီးအော်ထားတာကို ရှက်သွားလို့နှင့်တူသည်။ အခုတော့ မျက်နှာလေးရဲပြီး တိုးတိုးလေးပြန်ဖြေသည်။ သူက ကိုကို့လက်ကလေးကို အသာ ဖွဖွလေး ဆုပ်ကိုင်ပြီး လက်ဖမိုးလေးကို အားပေးသလို ပွတ်သတ်ပေးလိုက်သည်။
"ကဲ ပြီးပါပြီရှင်
ကြည့်လိုက်ပါဦး"
သူမအလုပ်ကို လက်စသတ်ပြီးသွားသော စတိုင်လစ်က သူတို့ကို  ပြောပြီး ပစ္စည်းတွေကို သိမ်းနေသည်။
အဲ့တော့မှ ကိုကို့၏  နားရွက်လေးတစ်ဖက်ကို ကြည့်လိုက်သည်။ ဖြူသောအသားမို့ နီရဲနေတာက သိသာသည်။ သူက ကိုကိုအနာသက်သာစေရန် ပါးစပ်ကနေ တဖူးဖူး မှုတ်ပေးနေမိသည်။

အခုသူတို့နှစ်ယောက်က ကိုကို့ကို နားပေါက်ဖောက်ရန် ရောက်နေကြတာဖြစ်သည်။ သူတို့နှစ်ယောက်၏ နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ဆင်တူနားကပ်လေး ဝယ်ပြီး ကိုကို့ကို လက်ဆောင်ပေးဖြစ်သည်။ သူကတော့ ကိုကိုနှင့် ဆင်တူလေးဝတ်ချင်တာ ကြောင့် ဝယ်လာမိခဲ့သည်။ ကိုကိုက သူ့ဆီက လက်ဆောင်လေးကိုမြင်တော့ အစက သဘောကျသလို ပြုံးနေပေမယ့် မျက်နှာအမူအရာပြောင်းသွားသည်။ ကိုကို့မျက်နှာကို ကိုယ်တိုင်ပြုစုရေးသားထားသည့် အဘိဓါန်တစ်အုပ်လို ဖတ်တတ်သူမို့ ချက်ချင်း ရိပ်မိခဲ့သည်။
"ကိုယ့်မှာ နားပေါက်မရှိဘူးလေ"
"ကိုကိုက မဖောက်ချင်ဘူးလား"
အရင်ဆုံး ကိုကို့ဆန္ဒကိုပဲ အလေးထားမေးဖြစ်သည်က သူ့အကျင့်လေ။
"မဖောက်ချင်တာမဟုတ်ပါဘူး
ဖောက်ရင် နာလားဟင်"
သတ္တိခဲလေး၏ မျက်နှာငယ်လေးနှင့် မေးနေတဲ့ပုံလေးက နှလုံးသားအတွင်းထိ စိမ့်ဝင်မြတ်နိုးမိသည်။
"အရမ်းမနာပါဘူး ကိုကိုရဲ့
အဲ့ဒီ ဖောက်လိုက်တဲ့ခဏပဲ နည်းနည်းလေး နာတာ"
"ဟုတ်လို့လား"
"မောင်က ကိုကို့ကို မညာပါဘူး
ဒါပေမယ့် ကိုကို ဖောက်ရမှာ ကြောက်ရင် မဖောက်ပါနဲ့"
"မဖောက်ရင် ဘယ်လိုဝတ်မလဲလေ
ကြောက်လို့တော့မဟုတ်ပါဘူး
ဒါပေမယ့်"
စကားကိုဆုံးအောင်မပြောပဲ သူ့မျက်နှာကိုပဲ တဖန်ပြန်ငေးကြည့်နေပြန်သည်။ သူကတော့ ပြုံးပြီး ဘယ်လိုလဲဆိုသည့် အကြည့်နဲ့ပဲ ကြည့်နေခဲ့သည်။ ကိုကို့ကို အတင်းအကြပ်ဖိအားမပေးချင်ဘူးလေ။
"အင်းး
ကိုယ် နားပေါက်ဖောက်လိုက်ပါ့မယ်"
ကိုကို့ဆီက ဆုံးဖြတ်ချက်ချလိုက်သံအဆုံးမှာ ဘယ်လောက်ထိ ပျော်သွားလဲဆိုတာ သူပဲသိသည်။ ချစ်သူနှင့် ဆင်တူပစ္စည်းလေးတွေ အမှတ်တရ ပိုင်ဆိုချင်တာ သူ့အလွန်မဟုတ်ဘူးမလား။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now