Extra 1

27K 2.4K 143
                                    

Unicode

မနက် ၆နာရီခွဲတော့ alarm သံတိုးတိုး မြည်လာသည်။ ပြည့်သူ နှိုးစက်သံကို ပိတ်လိုက်သည်။ နှိုးစက်သံကြောင့် အင့် ဆိုပြီး လှုပ်သွားတဲ့ ကိုကို့ ကို ကျောကနေဖွဖွလေးပြန်ပွတ်သပ်ပေးလိုက်တော့ ပြန်ငြိမ်သွားသည်။အဲ့တော့မှ ကိုကိုခေါင်း အုံးထားတဲ့သူ့လက်မောင်းကို ကိုကို့ ခေါင်းလေးကို အသာအယာမပြီး ဖြည်းဖြည်းချင်းထုတ်ယူလိုက်သည်။ ပြီးမှ ခေါင်းအုံးပေါ်ကို ညင်ညင်သာသာ ပြန်ချပေးလိုက်သည်။ အိပ်ယာပေါ်မှ ဆင်းပြီး ရေးချိုးခန်းဝင်ကာ မျက်နှာသစ်လိုက်သည်။ မနက်ခင်း လေ့ကျင့်ခန်း ဝတ်စုံကိုပါ လဲဝတ်လိုက်သည်။

သူက မနက်တိုင်း နာရီဝက်ခန့်  ထပြေးဖြစ်သည်။ Gymရယ်လို့ သတ်သတ်မှတ်မှတ်သွားမဆော့ဖြစ်သောကြောင့်ဖြစ်သည်။ အိမ်မှာပဲ အလေးမသည်။ bellyရိုက်သည်။ prankထောက်သည်။ body builderတစ်ယောက်ဖြစ်ဖို့အထိ စိတ်ကူးမရှိ။ ခန္ဓာကိုယ်ကြည့်ကောင်းဖို့ ဆိုတာထက် ကျန်းမာရေးအတွက် အထောက်အကူပြုရုံနှင့် သူ့ကိုကိုအမြင်မှာ အားကိုးချင်စရာပုံပေါက်နေရင် လုံလောက်ပြီ။ ပုံမှန်ဆိုရင်တော့ ကိုကိုလည်း သူနှင့် အတူ ထပြေးသည်။ မနေ့က ညဥ့်နက်တဲ့အထိ ဘာသာပြန်လိုက်ရသဖြင့် ကိုကို့ကို ဒီနေ့ မနှိုးတော့တာဖြစ်သည်။

သူပြေးလို့ပြီးသွားတော့ မနက်စာပြင်လိုက်သည်။ ရေခဲသေတ္တာထဲမှ ထောပတ်သီးနှစ်လုံးထုတ်ပြီး ပန်းကန်ထဲ ကို တစ်လုံးစီ ခွဲထည့်ပြီး ခလောက်လိုက်သည်။ ပြီးတော့ နွားနို့ဘူးကို ထုတ်ယူပြီး နွားနို့ထည့်လိုက်သည်။ ထောပတ်သီးနွားနို့ဖျော်ရည်က သူ့အတွက်တစ်ခွက်၊ ကိုကို့အတွက်တစ်ခွက်။ ကိုကို့ခွက်  ကိုတော့ ပလပ်စတစ်အကြည်အုပ်ပေးထားလိုက်သည်။ ကိုကိုကြိုက်သည့် ထောပတ်ကွတ်ကီးကိုလည်း တစ်ခါတည်းထုတ်ပေးထားလိုက်သည်။ ကိုကိုက အရိုးအဆစ် အားနည်းသူမို့ တစ်နေ့ကို နွားနို့တစ်ခွက်တော့ တိုက်ပေးရသည်။ နွားနို့ပဲနေ့တိုင်းသောက်နေရရင် ငြီးငွေ့မှာစိုးသဖြင့် တခါတစ်လေတော့ အခုလို ထောပတ်သီးတို့၊ အသီးတစ်မျိုးမျိုးနှင့် ဖျော်ပေးဖြစ်သည်။ သူကတော့ ပုံမှန်မရှိ။ ကော်ဖီသောက်ဖြစ်တာကများသည်။

မဟောင်းတဲ့ပုံပြင်Where stories live. Discover now