"နောက်တစ်ကြိမ်ဒါမျိုး ထပ်လုပ်အုံးမှာလား"
စကားတစ်ခွန်းပြောတိုင်း တစ်ချက်နှုန်းဖြင့် ပိန်ပါးပါးကြိမ်လုံးက တရွှမ်းရွှမ်း အသံများ ထွက်ပေါ်လျက် ရှိသည်။ထိုကြိမ်လုံးက ဒူးအထပ်ထိ 'မ' ထားတဲ့ ကျောင်းစိမ်း ပုဆိုးအောက်တွင်ရှိသောခြေသလုံး ပေါ်သို့ အရှိန်ပြင်းပြင်းကျရောက်နေသည်။
အထက်တန်းကျောင်းသားတွေ စုံလင်နေတဲ့ ဟောခန်းမ တစ်ခုအတွင်း ဂုဏ်ယူဝင့်ကြွားစွာ တက်ခဲ့သော ဒီစင်မြင့်အထက်မှာပဲ ကျောင်းသားတိုင်းရဲ့စံပြဖြစ်ခဲ့သလို ၊ ယခုအခါ အပြစ်ခံယူသူအဖြစ် ရောက်ရှိနေတာလည်း ဒီစင်မြင့်ပေါ်ပင် ။ ဒါက ဆုပေးဒဏ်ပေးစနစ်ကိုကျင့်သုံးဖို့ ဆောက်လုပ် ထားတဲ့ စင်မြင့်တစ်ခု ဖြစ်သည် ။
ကျောင်းအုပ်ဆရာမကြီးကအမေးစကားနည်းတူ တလက်ဆက်ကြိမ်လုံးကိုလွှဲရိုက်နေပေမယ့် အပြစ်သားဟု သတ်မှတ်ခံထားရသူက တစ်ခွန်းမှ ပြန်မဖြေ။ နောက်တစ်ကြိမ်ဆိုတာ ရှိချင်ရှိမယ် ၊ မရှိရင်လည်း မရှိဘူး လို့ အာမခံနိုင်သည့်ဟန်။ နှုတ်ဆိတ်၍နေသည်။
သူ၏ခြေသလုံးစုတ်ပြတ်သွားသည်အထိ ၊ သို့မဟုတ် လွှဲရိုက်နေတဲ့ ဆရာမကြီးရဲ့ လက်မောင်းပြုတ်ထွက်သွားခဲ့ရင်တောင် သူကဖြေရှင်းချက်နဲ့ ကတိစကားတို့ပေးမည်မဟုတ်။
ထိုမြင်ကွင်းကို အားရကျေနပ်စွာကြည့်နေသောကျောင်းသားတစ်ယောက်က ခေါင်းမှာ ပတ်ထားသော ပတ်တီးအဖွေးစားနဲ့ မလိုက်ဖတ်စွာ ပြုံး၍နေသည်။ နစ်နာသူအဖြစ်ခံယူထားသော ထိုကျောင်းသားမှ လွှဲ၍ ကျန်တဲ့ ကျောင်းသူ၊ကျောင်းသားများအပါအဝင် ဆရာမများက မျက်နှာမကောင်းကြချေ။ အထူးသဖြင့် ဆရာမဖြစ်နေသော်လည်း မိခင်တစ်ဦးရဲ့ သားတစ်ယောက်လုံး လူရှေ့သူရှေ့ထွက်ပြီး အရိုက်ခံနေရတာကို မကြည့်ဝံ့ ။
သို့သော်ဝင်တားလို့လဲ မသင့်ပါ။ကျောင်းရဲ့စည်းကမ်းကို လိုက်နာစေရန် သွန်သင်ဆုံးမပေးနေတဲ့ သူမကိုယ်တိုင်က ချိုးဖြတ်လို့မရ။ ထိုအချိန် ကျောင်းသားတွေကြားကနေ မတ်တပ်ရပ်ကာ အော်ပြောလိုက်သော ကျောင်းသား တစ်ဦးရဲ့ စကားကြောင့် လက်ရြှိဖစ်ပျက်နေတာတွေ ငြိမ်ကျသွားပြီး ကြိမ်လုံးလွှဲနေသော လက်က ရပ်တန့်သွားသည်။
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...