Ep -35(Unicode)

8.2K 1K 74
                                    


အရူးတစ်ယောက်လို ရယ်နေတဲ့ ငယ့်ကို ကြည့်ပြီး ရင်ထဲ တင်းကြပ်လာသည်။ ပြေးကာထွေးပွေ့လိုက်ချင်သော်လည်း မတတ်စွမ်းနိုင်။ နာကျင်နေတဲ့ မျက်ဝန်းတွေကို လှောင်ရယ်ခြင်းဇွတ်အတင်းသွင်းနေတာက ရင်ထဲ တဆစ်ဆစ်နဲ့ခံစားရသည်။
ဗီရိုထဲက ညအိပ်ဝတ်ဖို့အတွက် အကျဝမ်းဆက် တစ်စုံ ထုတ်လိုက်ပြီး ခုတင်ဘေးချပေးတော့ ရယ်မောနေတာ ရပ်သွားပြီး သူ့ကိုပဲ စိုက်ကြည့်လာသည်။

"ကျွန်တော် ဒီမှာ အိပ်လို့ အဆင်ပြေရဲ့လား"

"ပြေပါတယ် ကိုယ်အောက်မှာပဲ အိပ်လိုက်မယ် "

ခေါင်းညိတ်ပြကာ ရေချိုးခန်းထဲ ဝင်သွားသည်။ချွတ်ပုံထားခဲ့တဲ့ အဝတ်တွေကို လိုက်ကောက်ပြီး ရင်ခွင်ထဲ ပွေ့ကာ ရေချိုးခန်းတံခါးကိုမှီရင်း ထိုင်နေမိသည်။ရေချိုးခန်းထဲမှာ ရေကျသံရဲ့ ကြားမှ ခပ်သဲ့သဲ့ထွက်လာသော ရှိုက်သံတချို့ နဲ့အတူ ပါးပြင်ပေါ် စီးဆင်းသွားတဲ့ မျက်ရည်တွေက မတိုင်ပင်ပါပဲ တပြိုင်တည်း ကျရောက် လေသည်။

"ခဏလေးပါပဲငယ် ... ကိုယ့်ကိုအချိန်ခဏလောက်တော့ပေးပါ ။ တခြားတစ်ယောက်ဆိုတဲ့ စကားက ကိုယ်နဲ့ မရင်းနှီးတာမို့ အစိမ်းသက်သက် မီးမြိုက်လိုက်သလို ခံစားရတယ်"

ပါးပြင်က မျက်ရည်တို့ကို ဖယ်ရှားလိုက်ပြီး ခုတင်ရဲ့ ဘေးနားမှာပဲ စောင်တစ်ထည်ခင်းကာ နေရာချလိုက်သည်။မခ ရေချိုးခန်းထဲ က ထွက်လာတာနဲ့ သောမာန် ဝင်ချိုးလိုက်တဲ့အခါ လုံနေတဲ့ ရေချိုးခန်းထဲမှာ ငယ့်ရဲ့ ကိုယ်ငွေ့လေး ကျန်ရှိနေတုန်းပဲ ။

အခန်းထဲ ပြန်ဝင်လာတော့ ရေစက်လက်ကျနေသော ခေါင်းပေါ်ကို သဘတ်တင်ရုံသာ တင်ထားပြီး ဖုန်းကြည့်နေသည်။ အင်္ကျီ လဲပြီး ကိုယ့်ခေါင်းကိုယ် ပြောင်အောင်သုတ်ဖို့ ဂရုမစိုက်အား ခုတင်ပေါ် ထိုင်နေတဲ့ မခဆံပင်ကို အရင်သုတ်ပေးတော့ ဝဲကျနေတဲ့ ဆံနွယ်လေးတွေကြားကနေ သောမာန်ကို မော့ကြည့်နေသည်။ လှုပ်ရှားမှုတို့ ခဏတာ ရပ်တန့်သွားပြီး ပန်းဆီရောင်ရဲနေသော နှုတ်ခမ်းလေးကနေ အကြည့်လွဲကာ ခေါင်းကို ရေပြောင်အောင်သုတ်ပေးဖို့ပဲ အာရုံစိုက်လိုက်သည်။

ဟေမန်ခသော နွေWhere stories live. Discover now