Ep-4 (Unicode)

13.1K 1.4K 32
                                    




ကျွန်းသားကို ကနုတ်ပန်းပုံစံဖော်ထားသော စားပွဲကြီးက အိမ်၏ဧည့်ခန်းမှာ ဘေးကနေ အနီရောင်ဆိုဖာများ ဝန်းရံလျှက်ရှိသည်။ ထိုဧည့်ခန်းအတွင်းမှာ လူသုံးယောက်ရှိသော်လည်း တစ်ယောက်တစ်ခွက်စီချထားသော ဖန်ခွက်ထဲက ရေခဲမုန့်လို အေးစက်စက်နိုင်လှသည့်အခြေအနေ။

စားပွဲအလည်မှာချထားတဲ့ ကိတ်မုန့်တစ်လုံးအား စူးစူးရဲရဲ စိုက်ကြည့်ကာ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလို ဖြစ်နေတာက ဒီနေ့ကျရောက်တဲ့ မွေးနေ့ရှင်ကိုယ်တိုင် ဖြစ်သည်။ အသက်၁၃နှစ် ပြည့်မွေးနေ့မှာ အရည်ပျော်ကျနေသော ရေခဲမုန့်တွေလို သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးနေလေပြီ ။

"မလာတော့တဲ့သူကို ဘာလို့စောင့်နေအုံးမှာလဲ ။ ကျွန်တော့်မွေးနေ့ကသူမပါလည်းဖြစ်တာမို့ အခုပွဲကို လုပ်ချင်လည်း လုပ်၊ မလုပ်ရင်လည်းဖျက်လိုက်တော့"

အံ့ကြိတ်ကာ ပြောလိုက်တဲ့ မွေးနေ့ရှင်ရဲ့အသံကို မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ညီမငယ်က စိတ်မကောင်းစွာ ကြည့်လာသည်။ စားပွဲထိပ်ဆုံးမှာ ထိုင်နေတဲ့ ဖခင်ဖြစ်သူကတော့ သက်ပြင်းခပ်ယဲ့ယဲ့ချကာ

"မင်းအမေကို လာစေချင်လို ဒီလိုလုပ်ထားတာမဟုတ်ဘူးလား ။တခြားသူတွေကိုတောင် ဖိတ်ပြီး ပွဲမလုပ်ချင်ဘူး မိသားစုလေးယောက်ပဲ ရှိချင်တယ်ဆို။ မင်းကိုယ်တိုင်ပြောပြီး အခု ဘာကိုစိတ်မရှည်ဖြစ်နေရတာလဲ"

"လာစေချင်ပေမယ့် လာခဲ့လို့လား? ရှစ်နှစ်တောင်ရှိပြီ။ ဒီစောက်ရေးမပါတဲ့အရာတွေကို လုပ်ပြီး သူ့ကိုစောင့်နေတာ ရှစ်နှစ်ရှိပြီဗျ!"

"နိုင်ထက် ! "

အသံခပ်မာမာခေါ်လိုက်သော်လည်း မကြောက်မလန့်မျက်နှာနှင်သာ။

"မင်းအမေ မပါလည်း ငါနဲ့ ရှင်ငြိမ်းရှိနေတာပဲ ။ စကားအပိုတွေထပ်မပြောနဲ့ ငါမဆူချင်ဘူး။ မလာမှန်းသိရင်လည်း အစောကတည်းက မလုပ်နဲ့​လေ ။ အလကားစောက်ပိုတွေ ငါ့ကို အာရုံနောက်အောင် လာလုပ်မနေနဲ့"

ဧည့်ခန်းထဲက စစ်အေးတိုက်ပွဲအခြေနေကြောင့် အစေခံတွေလည်း အပြင်ဘက်ကနေ ငြိမ်ကုတ်နေကြရသည်။ ညီမဖြစ်သူ ရှင်ငြိမ်းက ဒီအခြေနေကို ထိန်းရန် ကိတ်မုန့်ပေါ် ဖယောင်းတိုင်ထွန်းဖို့ပြင်လိုက်သော်လည်း မအောင်မြင်။

ဟေမန်ခသော နွေWhere stories live. Discover now