အရှေ့မှ ဆိုင်ကယ်ကို အာရုံစိုက်မောင်းနေသော်လည်း ခါးပေါ်က လက်သွယ်သွယ်လေးတွေအား ကြည်နူးစွာ ပြန်လည်အုပ်ကိုင်ထားမိသည်။
ပုခုံးကို မှီခိုထားတဲ့ ပါးပြင်လေးကို ခံစားမိချိန် နှုတ်ခမ်းက အလိုလို ပြုံးသွားစေသည်။ယဉ်ယဉ်လေး နူးညံ့စွာ လှသော သူမကို ပိုင်ဆိုင်ရတာကြောင့် အရမ်းကို ပျော်ရွှင်ရသည်။ ငြိမ်းက စကားပြောညင်သာသလို မောင်လို့ ခေါ်လိုက်တိုင်း အတိုင်းအဆမဲ့ ခုန်လာတဲ့ ရင်ကို မထိန်းနိုင်တာ ကိုယ်တိုင်သာ အသိဆုံး။"ငြိမ်း ဘယ်ကို သွားချင်လဲ"
ချိန်းဆိုပြီး ထွက်လာပေမယ့် ဘယ်ကို ဦးတည်သွားချင်လည်း လှမ်းမေးလိုက်သည်။
"အင်းဝကို သွားချင်တယ် မောင်။ ငြိမ်း အဲ့ကို မရောက်တာကြာပြီ "
"ဟုတ်ပြီ အခုပဲ တန်းမောင်းလိုက်တော့မယ်နော် ။ အဲ့က အပြန် ကျောက်စိမ်းဘုရားလည်း ဝင်လို့ရသေးတယ် "
"ကောင်းတာပေါ့ .... ကျောက်စိမ်းဘုရားကနေ ပြန်ရင် ဘယ်သွားအုံးမလဲ "
သွက်လက်နေတဲ့ သူမစကားလေးတွေဟာ ကိုယ်နဲ့ လျှောက်လည်ရလို့ ပျော်ရွှင်နေတာကြောင့် ကြည်နူးစိတ်က ထိန်းမရ ။ ခါးပေါ်က ဖယောင်းလက်ငယ်ကို ဆွဲယူကာ နမ်းရှိုက်လိုက်တော့ ကျန်လက်လေးတစ်ဖက်က ပုခုံးကို ကိုင်ကာ ' ဆိုင်ကယ် သေချာမောင်းပါ ' ဟု သတိပေးသံလေး ကြားလိုက်ရသည်။
"အဲ့ဒါပြီးရင်တော့ မောင့် အသည်းလေးကို အိမ်တိုင်ရာရောက် ပြန်လိုက်ပို့မှာပေါ့ဗျာ "
"ငြိမ်း အိမ်မပြန်ချင်သေးဘူးမောင် "
လက်ချောင်းလေးတွေရဲ့ အေးစက်မှု့...ပုခုံးပေါ် မရဲတရဲလေး အနမ်းခြွေတဲ့ နှုတ်ခမ်းပါးလေးတစ်စုံ...ကိုယ့်ရဲ့ ရင်ခုန်သံတွေကတော့ တလှပ်လှပ်နဲ့ပေါ့ ....
-------------------------------------------------------------ဆောင်းဦးရာသီဆိုသော်လည်း နေအလင်းရောင်ပျောက်သည်နှင့် အချမ်းဓာတ်က တဖြည်းဖြည်းစိမ့်ကာ အကဲပိုလာသည်။ဒီလိုနေကျချိန်အလုပ်ပြန်တဲ့အခါမှ ရေချိုးရသော်လည်း ကိုကို့ ဂရုစိုက်မှုကြောင့် ချမ်းစိမ့်မနေပါ။ ရေပူမရသောသူတို့အိမ်ဖို့ ရေနွေးအိုးတည်ပြီး အရံသင့် စပ်ထားပေးသော ရေဇလုံကန်ဟာ ရေချိုးချိန်တိုင်း အသင့်ရှိနှင့်ပြီးသားဖြစ်သည်။
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...