Ep -38( Unicode)

9.6K 1.1K 44
                                    

အလုပ်မှာ ရှိနေချိန် နေ့ခင်းပိုင်းလောက်ရောက်တော့ ရှင်ငြိမ်းနဲ့ ဇွဲလေးက အလည်လာသည်။သားဇွဲက သူ့ရဲ့ ရောင်စုံခဲတံလေးတွေထုတ်ပြီး ပုံလေးတွေ ဆွဲနေသည်။

"အအေးသောက်မလား Coffee သောက်မလား ရှင်ငြိမ်း"

"အအေးပဲပေးပါ ရာသီဥတုက တော်တော်ပူတာပဲ "

"ဟုတ်တယ် နွေဦးရှိသေးတယ် အပူကဲနေပြီ "

ရှင်ငြိမ်းကို အအေးဘူးချပေးပြီး သားဇွဲပုံဆွဲနေတာကို ထိုင်ကြည့်နေလိုက်သည်။ထိုအချိန် ရှင်ငြိမ်းက သူ့ကို တစ်ခုခု လှမ်းပေးတာကြောင့် ယူကြည့်လိုက်တော့ အလှူဖိတ်စာ တစ်ဆောင် ။

"ကလျာတို့ဘက်က ရွာမှာ ဘုန်းကြီးကျောင်းလှူမလို့ အဲ့ဒါ လှူရင်းနဲ့ သားကိုပါ သင်္ကန်းဆီးပေးမယ်ဆိုပြီး အကြံရသွားတာ ။ နင် ကိုလေးနဲ့ လိုက်ခဲ့နော် "

"အေးပါဟာ ။ ဖိတ်စာတွေ မလိုပါဘူး ဒီအတိုင်းပြောလဲ ရတာပဲကို "

ပြုံးနေသော ရှင်ငြိမ်းက သဘောရိုးနဲ့ သူ့ကို အလေးထားပြီး ဖိတ်တယ်ဆိုသော်လည်း အလှူ့ရှင်နဲ့ အလှူမ နေရာမှာ အတူတွဲကာ ရေးထား​သော စာတန်းက နွေလည်ခေါင်မှာ မိုးကြိုးပစ်ခံရသလို ခံရဆိုးတဲ့ ဝေဒနာ တစ်ရပ်။ ချစ်ရတဲ့သူက ပိုင်ဆိုင်ခြင်းဆိုတဲ့ တံဆိပ်ခတ်မှုတွေကြားမှာတောင် သူက ဘာလို့ မျှော်လင့်နေမိသေးတာလည်းဆိုတာ ကိုယ့်ကိုယ်ကို ထိတ်လန့်စွာ မေးမိသည်။တကယ်လို့ အတူတူရှိခဲ့ရင်တောင် မဖြစ်နိုင်တဲ့ နေရာတွေပါ ။ သူရှင်ငြိမ်းကို အရမ်းအားကျသည် ။ ဒါပေမဲ့မိန်းကလေးမဖြစ်ရလို့ ဝမ်းမနည်းဘူး ကိုယ့်ဖြစ်တည်မှုကို ကျေနပ်စွာလက်ခံသည်။

ကျွန်တော် ဒီပုံစံ အတိုင်းပဲ မြတ်နိုးမိသူကလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ရင်နာရတဲ့ အမှန်တရားတစ်ခုက ယောက်ျား၊ မိန်းမ ခွဲခြားထားတဲ့ ကန့်သတ်မှုတွေကြား အချစ်က လွဲပြီး ကျန်တဲ့ ရယူပိုင်ဆိုင်မှုတွေတော့ မတူကြပြန်ဘူး။ ငယ်စဉ်ကလို အခြေတူနေခဲ့ရင်တောင်မှ ကိုယ်က ရှုံးနေရအုံးမှာပဲ။

" အမလေး ကြားလို့ မှ ကောင်းကြရဲ့ အရပ်ကတို့ရေ "

ဆူဆူညံညံအသံတွေ ဆိုင်ဘေးအခန်းမှ ထွက်လာတာမို့ အတွေးတို့ ပြတ်တောက်သွားပြီး လှမ်းကြည့်မိသည်။ မခ နည်းတူ ရှင်ငြိမ်းလည်း ထိုဆိုင်ဘက်လှမ်းကြည့်နေသည် ။

ဟေမန်ခသော နွေWhere stories live. Discover now