Ep-23(Unicode)

8.6K 1K 48
                                    



ညနေ ၄နာရီအချိန်ဖြစ်သည်။နှစ်ရက် ဆက်တိုက် ည ၉နာခွဲထိ တာဝန်ယူပြီးချိန်တိုင်း တစ်ရက်စော ဆင်းခွင့်ရသည်။ အပြင်ထွက်ပြီး ဆိုင်ကယ်ပေါ်ထိုင်လိုက်ချိန် အပေါ်မှ အုပ်မိုးကျလာသော အရိပ်တစ်ခု ။မော့ကြည့်လိုက်တော့ ညနေဆည်းဆာရောင်အတိုင်း ချယ်သထားတဲ့ ဆံနွယ်တွေက နဖူးပေါ်မှာ အခွေအဖြစ်ပြောင်းနေသည်။ အရင်က ရွှေရောင်အဖြောင့်ဖြစ်ပြီး သွားတက်နှစ်ဖက်ကို တစ်ပြိုင်တည်း ပေါ်အောင်ပြုံးနေသည်။

"ဒီနေ့ ငါမင်းကို မုန့်လိုက်ကျွေးမယ် "

အသက်ကယ်လိုက်တယ်လို့ ကျေးဇူးရှင်အဖြစ်သတ်မှတ်ပြီး နောက်ရက်တွေမှာ ဆိုင်ကို ခဏခဏလာတတ်သည်။သူစီးနေတာဆိုင်ကယ်ကို ကားပစ္စည်းတွေတစ်ခုပြီးတစ်ခု လာဝယ်သော်လည်း တခြားနေရာမှာသုံးလား မသုံးလားတော့ ကျွန်တော် မမေးဖြစ်။

"ဒီနေ့တော့ မဖြစ်ဘူး ကျွန်တော်အိမ်ကို စောစောပြန်မလို့"

"ခဏလေးပါကွာ "

လက်မောင်းကနေ ဆွဲနေပုံက အမေပျောက်တဲ့ ကလေးပုံစံလို ။ မြင့်လွန်းတဲ့အရပ်မှ အားမနာ၊ ဘေးဆိုင်က ကောင်မလေးတွေ သိသိသာသာလှမ်းကြည့်နေတာကို သဘောကျနေဟန်ရှိသည်။

"ကိစ္စလေးရှိလို့ ဒီနေ့တော့ တကယ်မရတာ "

"မင်းကလည်းကွာ ခဏလေးပါဆို၊ ဒီနေ့ ငါ့မွေးနေ့မို့ မုန့်မစားတောင် အအေးတော့လိုက်သောက်ကွာ "

အကျိုးနဲ မွေးနေ့က တစ်ရက်တည်းကျနေတာလား? ။ ဒီနေ့ ကိုကို မွေးနေ့မို့ ကျွန်တော်အိမ်ကို အစောကြီးပြန်ဖို့ စိတ်လောနေတာ ။ တကယ်ပဲ တစ်ရက်တည်းမွေးတဲ့သူတွေ က မတည့်ကြဘူးလား
အတွေးပြန့်နေတဲ့မခ ပုံစံကို ကြည့်ကာ မလိုက်ဖက်ပဲ နှုတ်ခမ်းကိုဆူလာပြန်သည်။ ဘယ်မလဲ ကျောင်းတုန်းက ဖိုက်တာ နိုင်ထက် ဆိုတာ။

"ငါ့မွေးနေ့မှာ တစ်ယောက်တည်း ဖြတ်သန်းခိုင်းမလို့လားဟင် ... မင်းငါ့ကိုနည်းနည်းလေးမှ မသနားဘူးလား"

"တော်ဗျာ ... လိုက်ခဲ့မယ်ဟုတ်ပြီလား ၊ သေမိန့်ချခံရတဲ့ ရုပ်ကြီးကို ဒီမှာတင် ရပ်လိုက်"

ဟေမန်ခသော နွေTempat cerita menjadi hidup. Temukan sekarang