Ep-9(Zawgyi)

5.7K 445 8
                                    


အလယ်တန်း ကျောင်းခန်းတစ်ခုအတွင်း၌ ဖြစ်သည်။၁၁နှစ်ရှိပြီဖြစ်သော အရွယ်တူ ကလေးများကို အိမ်ကနေ လိုက်ပို့သော်လည်း အတန်းထဲထိ နေရာတကျ ထားပေးတာတော့ မရှိသလောက်ရှားနေပြီ။ သူ့နေရာနှင့်သူ အရင်နှစ်က သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး အသားတကျရှိနေချိန် အခန်းထဲမှာ အသစ်ရောက်ရှိလာတဲ့ ကောင်လေးက တော့ အနေကြပ်နေလေသည်။ မရင်းနှီးတဲ့ပတ်ဝန်းကျင်ကြောင့်တော့မဟုတ် ဘေးနားမှာ တစ်ဖက်ဆီ ထိုင်နေသော ဖယောင်းရုပ်ထုလို ကိုယ်တော် နှစ်ယောက်ကြောင့်ဖြစ်သည်။

နဂိုမြင်နေကျပုံစံနဲ့ ကွဲပြားစွာ အဖြူအစိမ်းဝတ်စုံနဲ့ သပ်ရပ်နေသော ထိုသူနှစ်ယောက်ကို အတန်းထဲမှာရှိသမျှလူတွေအကုန်လုံး သိသလိုတမျိုး ၊မသိသလို တမျိုး ကြည့်နေကြသည်။ စနောက်ပြီး မခန့်လေးစားပြောထားသမျှ အခုလိုကျောင်းဆရာမရဲ့ သားနှစ်ယောက်ဖြစ်တဲ့အပြင် စံပြကျောင်းသားအဖြစ် နာမည်ကြီးနေခြင်းကို သိရတော့ မခ မခုတ်တတ်တဲ့ ကြောင်ပေါက်လေးလို သူတို့နှစ်ယောက်ကြားမှာထိုင်နေရသည်။

"ပြတင်းပေါက်နား ကိုပြောင်းထိုင်ချင်လား။ အဲ့နားက လေဝင်လေထွက်ကောင်းတယ်"

ခပ်တိုးတိုးပြောတာဆိုပေမယ့် တိတ်ဆိတ်နေသော အခန်းကြောင့် တခြားလူတွေပါ ကောင်းစွာကြားနိုင်သည့် အခြေအနေ ။ ပြတင်းပေါက် အနားမှာ ထိုင်နေသော ကျောင်းသား တစ်ဦးက ချထားပြီးသား လွယ်အိတ်လေးကို ကောက်လွယ်ကာ အလိုက်တသိဖြင့် ထပေးလေတော့သည်။

"ရပါတယ် ကျွန်တော်ဒီအလယ်တန်းပဲ ထိုင်မယ် ။ ပြတင်းပေါက်နားနီးရင် စိတ်က အပြင်ပဲ လွင့်နေတတ်လို့"

"ဟုတ်ပြီ "

နဂိုအတိုင်းလေး ပြန်ထိုင်သွားသော ကျောင်းသားကို ကျွန်တော် ပြုံးပြလိုက်တော့ မတ်တပ်ရပ်ကာ ခါးကိုကိုင်းထားတဲ့ ကျောင်းသားက အထက်လူကြီးကို ရိုသေနေသည့်အတိုင်းပင်။ ဒီနှစ်ယောက်က ကျောင်းမှာ ဘယ်လို လူတွေမို့လို့လဲဆိုတာ ပိုပြီး သိချင်လာသည်။

"အပေါ်ထပ်ဆိုတော့ ကျောင်းဆင်းတဲ့အခါ အတင်းပြေးမဆင်းနဲ့နော် ။ တွန်းတိုက်မိပြီး ပြုတ်ကျမယ်" "ဟုတ် "

ဟေမန်ခသော နွေWhere stories live. Discover now