Ep -39(Unicode)

9.8K 1K 47
                                    


ပုံမှန် အရှိန်နဲ့ မောင်းနှင်နေတဲ့ ကားလေးတစ်စီး အဝေးပြေးလမ်းမပေါ်မှာ ပြေးလွှားလို့နေသည်။ ကားပေါ်မှာ ရှင်ငြိမ်းအပါအ၀င် အနောက်ခန်းမှာ ကလျာနဲ့ ရှင်ငြိမ်းရဲ့အမေ ဒေါ်ယဉ်ငြိမ်းမေဖြစ်ပြီးအဖေဖြစ်သူတော့ပါမလာပါ ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် အလုပ်များသလို အမျိုးသမီးနဲ့လည်း အဆင်ပြေနေတယ်ရယ် လို့တော့မဟုတ်။အထူးသဖြင့် သားဖြစ်သူ နိုင်ထက်သျှားနှင့် မျက်နှာချင်းဆိုင်လို့ မရတဲ့လူ။

သားဇွဲလေးက ငြိမ်းလက်ပေါ်မှာ အိပ်ပျော်နေပြီး မာန်က ကားမောင်းသူနေရာတွင်ရှိနေသည်။ အနောက်ကြည့်မှန်ကနေ မြင်နေရသော ပုံရိပ်တစ်ခုအား စူးရဲစွာ စိုက်ကြည့်နေသည် ။ အနက်ရောင် ဆိုင်ကယ်တစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်နေသူရဲ့ ခါးကို တင်းကြပ်စွာဖက်ထားသော လက်ဖွေးဖွေးလေးတွေ။ နေရဲ့ အလင်းရောင်ဖြာကျမှုမှာ all black ဝတ်ထားသော သျှားရဲ့ ခါးတွင် ထင်နေသော နှင်းစက်ငယ်လေးတွေလို မခရဲ့ အသားအရည်က ကြည်လင်လို့နေသည်။

အရှိန်တင်ပြီး ကားကိုကျော်တက်မောင်းလိုက်တော့ ကားထဲမှ မှိတ်ထားသော ကလေးငယ်ရဲ့ မျက်ဝန်းကလွဲလို့ ကျန်တဲ့သူအကုန်လှမ်းကြည့်သည် ။ငြိမ်းက အရှိန်မြင့်နေလို့ နှစ်ယောက်လုံးကိုစိတ်ပူတဲ့ အကြည့်။ ကလျာက ကြိတ်ပေးစားသောသူမို့ ပီတီဖြာကာ သူမလက်သည်းအား ယောင်ယမ်းလို့ ကိုက်နေသူ။
ဖျက်ခနဲပဲ လှမ်းကြည့်လိုက်တဲ့ မာန်ကတော့ မေးကြောတွေ တင်းကာ အံကြိတ်လိုက်ပြီး အကြည့်လွှဲသွားသည်။ မီးတောက်နေသလို ရန်လိုနေသော အမျိုးသမီးသဖွယ် ပုံဖော်နေတာက ဒေါ်ယဉ်ငြိမ်းမေ ။ သူမရဲ့ ချစ်လှစွာသော သားအနားကို နည်းနည်းလေးမှ မကပ်စေလို။

သူမကိုယ်တိုင်တောင် သားဖြစ်ရဲ့ လျစ်လျူရှု့ခြင်းခံရပြီး ဘာမဟုတ်တဲ့ ကောင်ကိုတော့ ဂရုစိုက်မှုအပြည့်နေတာ မမုန်းဘဲ​နေဖို့က ယဉ်ငြိမ်းမေဟာ သဘောကောင်းတဲ့သူမဟုတ်။ မြင်တာနဲ့ ပါးရိုက်ချင်နေတာ ဟိုအရင်ကတည်းက အတိုင်းပင်။

"ကုသိုလ်သွားယူပါတယ် ဆိုမှ အကုသိုလ်ဖြစ်လိုက်တာ ။ ဒီကောင်ကို ဘာကိစ္စခေါ်လာရတာလဲ "
ယဉ်ငြိမ်းမေဆိုတဲ့ နာမည်အတိုင်း မျက်နှာဟန်ပန်က နုဆဲ ၊ လှဆဲ ကျက်သရေရှိသယောင်ထင်ရသော်လည်း ထွက်ရှိလာတဲ့ အသံက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။
ထိုသံအကြားတော့ကားစီရာတိုင်ကို ကိုင်ထားသော လက်ဟာ နဂိုအကြောယှက်ဖြာနေပြီး ပိုမိုဆုပ်ကိုင်လိုက်တာကြောင့် တင်းခနဲဖြစ်သွားတဲ့ မာန့်အား ငြိမ်းမြင်လိုက်ရသည်။သောမာန်တင်မဟုတ် သူမ ကိုယ်တိုင်လည်း မျက်နှာပျက်သွားသည် ။ သို့သော် ရင်ခွင်ထဲက သားနိုးသွားမည်စိုးတာကြောင့် သူမရဲ့ လေသံအေးအေးဖြင့်သာ အလျှင်မြန်ပြောသည်။

ဟေမန်ခသော နွေNơi câu chuyện tồn tại. Hãy khám phá bây giờ