Ep-32(Zawgyi)

4.9K 398 36
                                    

တံခါးရှေ့မှာ နာရီဝက်လောက်ထိ ရပ်နေပြီးမှ Password ဆီကို မရဲတရဲ လက်လှမ်းလိုက်သည်။ မပြောင်းလဲသေးသော သူ့ရဲ့ မွေးနေ့နံပါတ်နောက်မှာ ပွင့်ဟ သွားတဲ့ တံခါးနဲ့အတူ နာနာကျင်ကျင် ပြုံးလိုက်မိသည်။
အိမ်ထဲရောက်တော့ ဧည့်ခန်းဆိုဖာတွင် ငယ်ရဲ့ ရင်ဘတ်ပေါ် မှာ မှောက်ကာ အိပ်နေတဲ့ ဇွဲလေးရှိနေပြီး စာအုပ်ကို မျက်နှာပေါ် တင်ထားတာကြောင့် ငယ်လည်း အိပ်ပျော်နေတယ်ထင်သည်။

ရောက်ရှိနေသော အခန်းငယ်က လွန်ခဲ့တဲ့ လေးနှစ် သူရှိခဲ့စဉ်တုန်းကလိုပဲ ဘာတစ်ခုမှမပြောင်းလဲ ။ခြေသံဖွဖွ နင်းကာ နှစ်ယောက် အတူနေခဲ့သော အိပ်ခန်းထဲ ဝင်လာလိုက်သည်။ ခုတင်အောက် ဒူးထောက်ထိုင်ချကာ ငယ့်အငွေ့သက်လေးတွေရှိနေသော ခေါင်းအုံးကို မျက်နှာ အပ်ကာ ငိုမိသည် ။

လွမ်းနေခဲ့တာ၊ နှုတ်ဆက်စကားပြောတုန်းက ဘာတစ်ခုမှ အကြောင်းပြချက်မတောင်းဆိုပဲ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တဲ့ ငယ့်ပုံစံက ဘယ်လောက်ထိ နာကျင်နေမလဲ ဆိုတာသိနေတာကြောင့် သေမလိုပဲ ။ ကိုယ် အတ္တြကီးခဲ့တယ် ငယ် ။ ကိုယ့်ရဲ့ တစ်ဦးတည်းသော ကျန်ရှိနေတဲ့ သွေးသားကို ကယ်တင်ချင်တာကြောင့် ကိုယ်ဒီလမ်းကိုရွေးချယ်ခဲ့တာ။
ရှင်ငြိမ်းမှာ ဘုန်းမြတ်ကိုယ်ဝန်ရှိနေတာ ကိုယ်မဟုတ်ပဲ တခြားလူသိသွားရင် သူ့အဖေက သေချာပေါက် ဖျက်ချခိုင်းမှာ ။ အသက်ရှိစဉ်အခါက ရင်းရင်းနှီးနှီးမနေခဲ့ ဖူးတဲ့ အစ်ကို ဖြစ်သူရဲ့ မျက်နှာကို မေ့လို့မရခဲ့ဘူး။ အဲ့ဒါကြောင့် သူ့ရဲ့ သားလေးကို ကိုယ်တာဝန် ယူခဲ့တာ ။ ဒါပေမယ့် ...

"......!"

ရုတ်တရက် လက်မောင်းကနေ ဆွဲလှည့်ခံလိုက်ရပြီး ဝေဝါးနေတဲ့ အမြင်အာရုံကြားမှာ သူ့ကို စိုက်ကြည့်နေတဲ့ ငယ် ။ မျက်ရည်တွေကို အမြန်ဖယ်ရှားလိုက်ပြီးအပြင်ကို ထွက်ဖို့ ပြင်သော်လည်း တွန်းလှဲ ခံလိုက်ရတာကြောင့် အိပ်ယာပေါ် ပြန်ကျသွားသည်။ ချက်ချင်းဆိုသလို အပေါ်ကနေ အုပ်မိုးကျလာတဲ့ မခက သောမာန်ရဲ့ နှုတ်ခမ်းတွေဆီ ပြင်းပြစွာ နမ်းလာပြီး ခါးပေါ်ကနေ ခွကာ တက်ဖိထားသည်။

"ခဏ ! ... အွန့် "

ပြန်တွန်းကာ တားသော်လည်း အတင်းပြန်နမ်းလာတဲ့ မခက အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လို ဘယ်လိုမှ တားမရ။

ဟေမန်ခသော နွေWhere stories live. Discover now