စာသင်ပြီး အိမ်ပြန်ချိန်ရောက်တော့ အခန်းပေါက်မှာ စောင့်နေကြတဲ့ အတန်းကြီးနှစ်ယောက်က အငယ်တန်းတွေထက် စောများဆင်းတာလား မပြောတတ်ပေ။ အခန်းပေါက်ဝ တစ်ဖက်ဆီမှာ ဟိုဘက် ဒီဘက်ရပ်နေတာကြောင့် ကျောင်းဆင်းပြန်တဲ့ သူတိုင်းက သူ့တို့နှစ်ယောက်ရှေ့ရောက်ရင် ခေါင်းငုံ့ကာသွားကြသည်။ တချို့ လက်ပိုက်နေတာတောင် ပါသေးသည်။
ကျွန်တော် ထွက်လာတာမြင်တော့ အစ်ကိုဘုန်းမြတ်ကာ ပြုံးကာ ပုခုံးဖက်လာသော်လည်း သူကတော့ တစ်ချက်သာကြည့်ပြီး အရှေ့ကနေ အရင်ဆင်းသွားသည်။ ကျောင်းနဲ့ အိမ်က အနည်းငယ် လှမ်းတာကြောင့် အရင်က ဆရာမယဉ်နဲ့အတူ ညီအစ်ကိုနှစ်ယောက်လုံး ဆိုင်ကယ်နဲ့သွားရသည်။ သို့သော် ယခု မခရောက်လာတော့ ဆိုင်ကယ်နဲ့ သုံးယောက်လုံးတင်လို့မရတာကြောင့် ဆရာမက ဆိုင်ကယ်နဲ့ တစ်ယောက်တည်းသာ သွားပြီး သူတို့သုံးယောက်က စက်ဘီးနဲ့လာသည်။
ကျောင်းဝန်းထဲ စက်ဘီး မစီးရပေမယ့် ထိန်းကာ တွန်းပေးထားသော အစ်ကိုဘုန်းမြတ်ရဲ့ စက်ဘီးပေါ် လိုက်ပါဖြစ်သည်။ရယ်ရယ်မောမောဖြင့် သွားနေသော ကောင်လေး နှစ်ယောက်ဘေးမှာ ခပ်တည်တည်နဲ့ carrier ခုံမပါတဲ့ ပြိုင်ဘီးကို တွန်းနေသော ကောင်လေးလည်းရှိသည်။
ထိုမြင်ကွင်းကို အမှတ်တမဲ့ မြင်လိုက်တဲ့ ကျောင်းဝန်းအပြင်ဘက်ကားနက် တစ်စီးပေါ်မှ လူတစ်ယောက်က မျက်မှောင်ကုတ်လျက်။ အပြင်ပန်းမျက်နှာဖုံးမှာ အပြုံးတုတို့ တပ်ကာ ဖော်ရွှေပြသော်လည်း လူပုံလယ်မဟုတ်သော အကွယ်မှာတော့ ထိုလူရဲ့ မျက်နှာဘေးက မာန်ထန်နေမြဲ။ မိမိနာမည်ဖြင့် ရောက်ရှိနေသော အလှူငွေများကြောင့် ဒီကျောင်းမှာ တတ်နေသော သားနဲ့သမီးက အလိုလို မျက်နှာပွင့်စေသည်။
သုံးထားသောလှည့်ကွက်တို့ရဲ့ အဖြေကို မပေါ်ပေါက်စေရန် အမှန်တရားနဲ့ဝေးဝေးနေခိုင်းဖို့ သူ့ဘက်က ခြေတစ်လှမ်းသာမှ ဖြစ်မည် ။ ဒါကြောင့် ကားနောက်ခန်းမှာထိုင်နေသော သားနဲ့သမီးကို လှမ်းပြောလိုက်သည်။"ဟိုးမှာ စက်ဘီးအနောက်က ထိုင်နေတဲ့ ကောင်လေးကိုတွေ့လား"
အဖေရဲ့ပြောစကားကို သမီးဖြစ်သူက အလျှင်မြန် လှမ်းကြည့်သော်လည်း မကြားသလိုနေသော သားကတော့ ခုံအနောက်ကို မှီကာ မျက်လုံးမှိတ်ထားမြဲ။

YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? Cover ph...