Ep-2(Unicode)

20.6K 1.8K 44
                                    



တောင်တန်းတွေကာရံ ထားသော မြို့အပြင်တစ်နေရာ တွင်ဖြစ်သည်။ အုံ့မှိုင်းနေတဲ့ မိုးတိမ်တွေအောက်မှာ ကြီးမားတဲ့အပင်တွေကို မပိုင်ဆိုင်ထားသော်လည်း အပင်ငယ်လေးများဖြင့် စိမ်းစိုနေသော တောင်တန်းကြီးတွေကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။

လျှပ်စစ်မီးတိုင်ကြီးတွေသွယ်တန်းထားတာကြောင့် ဒါက အရမ်းခေါင်လွန်းတဲ့နေရာတော့မဟုတ် ။ ဘယ်နေရာလဲ ဆိုတာ အတိကျ ပြောဖို့ကျတော့ ကျွန်တော်မသိပါ။ တစ်ခါတစ်ရံခြံဝန်းတွေနဲ့ ကာရံထားတဲ့ တဲအိမ်ငယ်လေးတွေ တောင်ခြေမှာရှိနေသည်။ တချို့နေရာတွေမှာတော့ ကျောက်တောင်ကို ဖဲ့ဖြိုနေတဲ့ အလုပ်သမားတွေကို တွေ့ရတတ်သည် ။

ကျွန်တော်သိသလောက်ပြောရရင် မန္တလေးကနေ ပြင်ဦးလွင်ကိုသွားတဲ့ လမ်းမကြီးပေါ်အထိပဲ မှတ်မိသည် ။ အဲ့လမ်းကနေ ဘယ်ကိုကွေ့လို့ ဒီလိုတောင်တန်းတွေဆီ ရောက်လာလဲ ဆိုတာတော့မသိ ။ ကားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားတတ်တဲ့ အကျင့်က ဖျောက်ဖျက်ဖို့ ခက်သည်။

"ရောက်ပြီ ငါ့တူ ဒါမင်းပြောတဲ့ လိပ်စာပဲ "

အရှေ့ခန်းက ကားသမားဦးလေးကြီးရဲ့ အသံကြားတာနဲ့ ကားပြတင်းပေါက်ကနေ အပြင်ကို စူးစမ်းမိသည်။ သရက်ပင်အုပ်အုပ်ကြီးတွေကာရံထားတဲ့ ခြံဝန်းကြီးနှစ်ခု ။ အတွင်းပိုင်းမှာ ဘယ်လိုအိမ်မျိုးရှိနေမယ်ဆိုတာကို ခပ်လှမ်းလှမ်းကနေ မမြင်ရတဲ့အထိ သစ်ပင်တွေက ဖုံးလွှမ်းနေသည်။

"ကျေးဇူးပါ ဦးလေး ဒါက ကားခ တစ်သောင်းခင်ဗျ"

ကားပေါ်တက်ကတည်းက လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ပိုက်ဆံအလိတ်လေးကို ဖြန့်ပြီးသေချာပေးလိုက်သည်။

"အေးအေး ဦးလေး အထုတ်တွေလိုက်ပို့ပေးရအုံးမလား"

"ရတယ်ဗျ။ အထုတ်က သိပ်မလေးပါဘူး ကျွန်တော် ဘာသာပဲ သယ်သွားလိုက်ပါ့မယ် " ကျောင်းစိမ်းအဝတ် လေး၊ငါးထည်နဲ့ အိမ်နေရင်း ဝတ်စုံ သုံးစုံသာ ပါသော အထုပ်က ၅တန်းကျောင်းသားဖြစ်တဲ့ ကျွန်တော်အဖို့ အရမ်းလေးမနေပါ။ တခြားပစ္စည်းတွေနဲ့ အဝတ်တွေကို လွန်ခဲ့တဲ့ တစ်ပါတ်က မေမေအကုန် သယ်သွားပေးပြီးပြီ ဖြစ်တာ​ကြောင့် ရောက်နှင့်နေပြီ။

ဟေမန်ခသော နွေWhere stories live. Discover now