Ep -31(Unicode)

8.3K 1K 33
                                    

TV ရှေ့မှာ ကာတွန်းကားကြည့်နေသော ကလေးလေးအား ကျွန်တော် အချိန်ကြာတဲ့အထိ ဒီအတိုင်းထိုင်ကြည့်နေမိသည်။ ဘာမှန်းမသိတဲ့ ခံစားချက်ကြီးက ဝင်ရောက်နေပြီး ဒီကလေးကို မြင်တိုင်း ဆုံးရှုံးခြင်းဆိုတဲ့ တစ်စုံတစ်ရာက သေချာနေကြောင်းပြောနေသလို။

ချစ်ရသော သူရဲ့အသွေးအသား ၊ပျော်ရွှင်စရာအဖြစ် တည်ဆောက်လို့ရတဲ့မိသားစု။ကိုကိုမမှားဘူး ရွေးချယ်မှုမှန်ကန်တယ် ဒီလိုကလေးသေးသေးလေးက အရမ်းကို စိတ်ကြည်နူးစရာကောင်းလွန်းတယ် ။ မဖြည့်ဆည်းနိုင်တဲ့ကျွန်တော့်ကို ချန်ထားခဲ့တာ ကိုကို သိပ်မှန်တာပေါ့။

"ဦးဦး စာအုပ်ဖတ်ပြပါလားဟင် "

အနားရောက်လာကာ TV စင်ဘေးက စာအုပ်ကို ယူလာတာကြောင့် ကြည့်လိုက်တော့ ကျွန်တော်ဖတ်လက်စ စာအုပ် ဂျပန်လုပ်ငန်းရှင်များအကြောင်း။

"သားက ဒါကိုစိတ်ဝင်စားလို့လား"

"ဟုတ် ဖေဖေက မှာထားတယ် TV ကို အကြာကြီးမကြည့်ရဘူးတဲ့ သားသား မျက်လုံးတွေ ထိခိုက်ကုန်မှာလို့ပြောတယ် "

ပါးဖောင်းဖောင်းလေးတွေနဲ့ နှုတ်ခမ်းသေးသေးလေးကို ထော်ပြောနေတာကြောင့် ကိုယ့်မှာ အသည်းတွေယားလာပြီး ကောက်ပွေ့လိုက်သည်။ စကားပြောတတ်စ အရွယ်ကလေးလေးတွေက တကယ်ကို အသွက်လေးတွေဆိုပေမယ့် ကျွန်တော် တွေ့ဖူးတဲ့ တခြားကလေးတွေလိုရစ်တာတွေ ဂျစ်တာတွေမရှိဘူး၊ လူကြီးလေးတစ်ယောက်လို စကားတွေပြောတတ်ပြီး မပြောရင်လည်း သူ့ဘာသာ ငြိမ်ငြိမ်လေးနေသည် ။ ဒီအကျင့်ပုံစံလေးက ငယ်ငယ်က သိခဲ့ရသော အိမ်တွင်းပုန်းကောင်လေးတစ်ယောက်ကို မြင်ယောင်ပြီး ပြုံးမိလာသည် ။
ကလေးရုပ်လေးနဲ့ လူကြီးပုံစံဖမ်းတတ်လွန်းတဲ့ သူ၊အရာရာ ကာကွယ်ပေးပြီး ကိုယ့်အပေါ် ကလေးတစ်ယောက်လို နွေးထွေးကာ ယုယပေးခဲ့တဲ့ သူ၊ ချာတိတ်လို့ခေါ်ခဲ့ဖူးတဲ့ အချိန်ကာလတွေကို တွေးမိတော့ ကြည်နူးရပါ၏။
သို့သော် လွယ်လွန်းတဲ့ မျက်ရည်ကလည်း နှုတ်ခမ်းပြုံးတာနဲ့ ကျလာဖို့ အကျင့်များပါနေသလား မပြောတတ်။

"ဦးဦး မဖတ်ချင်ရင် သားသား ဒီအတိုင်းလေးပဲနေမယ်နော် ၊ ငိုတော့ မငိုပါနဲ့ "

ဟေမန်ခသော နွေWhere stories live. Discover now