Ep -30( Unicode)

8.5K 1K 84
                                    

အိပ်ယာပေါ်က ထပြီး ဆာနေတဲ့ ဗိုက်ကို မသိချင်ယောင်ဆောင်ကာ ဆိုဖာပေါ်မှာ မှောက်အိပ် နေလိုက်သည်။ဘာမှ လုပ်ချင်စိတ်မရှိ အလုပ်ပိတ်လို့ ပိုအဆင်ပြေနေသလို ။ကျွန်တော် အလုပ်လုပ်နေတဲ့ ကားပစ္စည်းဆိုင်မှာပဲ ဖေဖေက ရှယ်ယာဝင်ပေးပြီး ကိုယ့်လုပ်သက်နဲ့ ဆိုတော့ အရင်လို နေဆိုင်း ညဆိုင်းမဟုတ်တော့ပေ။ ကြီးကြပ်ရုံအဆင့်ဖြစ်ပြီး ဆင်းချင်တဲ့ အချိန် ဆင်းလို့ရနေပြီ ဖြစ်သည်။

ပြန်အိပ်မယ်လုပ်ချိန် အပြင်က တံခါးခေါက်သံကြောင့် ထပြီးဖွင့်ပေးလိုက်တော့ အစ်ကိုနိုင်ထက်နဲ့ အတူသူ့လက်ထဲမှာ ချီထားတဲ့ ကလေးလေးတစ်ယောက်။

"အခုမှ နိုးတာလား"

"ပြန်အိပ်မလို့ "

"မအိပ်နဲ့တော့ မနက်စာဝယ်လာတယ် ။ သားဇွဲ လိုက်မယ်ဆိုလို့ စောင့်နေတာကြောင့် နောက်ကျသွားတာ ၊မင်းဆာနေပြီလား"

"အင်း"

"ဒါဆို မျက်နှာသွားသစ်အုံး ငါမုန့်ထည့်ထားလိုက်မယ် ၊ သားသား ဟို ဧည့်ခန်းမှာ သွားထိုင်နော် "

လက်ထဲက ချပေးလိုက်တဲ့ ကလေးငယ်က တတောက်တောက်နဲ့ ဧည့်ခန်းဆီပြေးသွားကာ ငြိမ်ငြိမ်လေး ထိုင်နေသည်။

တကယ်ချစ်စရာကောင်းတယ် သက်ဆိုင်သူသာဆို ဘယ်လောက်ထိ ချစ်လိုက်မလဲ ။

ရေတစ်ခါတည်း ချိုးလိုက်ပြီး ပြန်ထွက်လာတော့ စားစရာတွေက အရံသင့်ဖြစ်လို့နေပြီ။ ခုံမှာဝင်ထိုင်လိုက်ချိန် coffeeခွက် ကို ရှေ့တိုးပေးတဲ့လက်သေးသေးလေးကြောင့် ပြုံးလိုက်မိသည်။

"ဦးဦးက တစ်ယောက်တည်း နေတာလား "

"ဟုတ်တယ် တစ်ယောက်တည်း နေတာက ပျော်စရာကောင်းတယ်လေ "

"ဟင် ဦးဦးပုံစံက ပျော်တဲ့ပုံလည်းမပေါ်ပါဘူး "

ဪ ဒီလို ကလေးပိစိလေးကတောင် ရိပ်မိတဲ့ဆိုတော့ သူ့အခြေနေ တော်တော် ဆိုးနေပြီပဲ ။

"သားဇွဲ ဦးဦးကို အဲ့လိုမပြောရဘူး​လေ "

မျက်နှာညိုးသွားတဲ့ မခကြောင့် နိုင်ထက်က ဝင်ပြောသည် ။

ဟေမန်ခသော နွေWhere stories live. Discover now