Ep-42(Unicode)

8.7K 1K 136
                                    

နေရောင်ခြည်အနွေးဓာတ်လေး မျက်နှာပေါ် ကျရောက်လာတာကြောင့် နိုးလာသည်။သို့သော် သက်သောင့်သက်သာမရှိလှ။လက်တစ်ဖက် လှုပ်မရဘဲ ထုံနေသည်။ဘေးကို ကြည့်လိုက်တော့ အိပ်မောကျနေဆဲဖြစ်သော မာန်က မနက်ခင်းအလင်းနဲ့ ရောင်ခြည်ဖြာနေသော နတ်သားတစ်ပါးလို။

မနေ့ညက နမ်းနေရင်း ဆေးရုံခုတင်ကျဉ်းကျဉ်းလေးပေါ်ကပြန်ဆင်းဖို့ မေ့လျော့တဲ့အထိပင်။နိုးမသွားအောင် ခုတင်ပေါ်ကနေ အသာဆင်းလိုက်တော့ စားပွဲပေါ်က တုန်ခါနေတဲ့ ဖုန်းကြောင့် မခ ယူကိုင်လိုက်သည်။

"Hello မေမေ"

"သား ညက ပြန်လာမယ် ထင်လို့ မေမေမျှော်နေတာ ဖုန်းလည်းမကိုင်တော့ ဘာများဖြစ်တာလဲလို့"

"သားဘာမှမဖြစ်ပါဘူး အစ်ကိုသောမာန် မတော်တဆ ထိခိုက်မိလို့ သားဆေးရုံစောင့်ပေးနေတာ ၊ မေမေ့ကို ဖုန်းဆက်ဖို့လည်း မေ့သွားလို့ "

"သားမာန် ဘာဖြစ်တာလဲ ထိခိုက်မိတာ တော်တော် များလား"

"အခုတော့ သက်သာနေပါပြီ၊ ဒီနေ့ ညနေ ဆင်းလို့ ရပြီပြောတယ် "

"မေမေကို လိပ်စာပို့လိုက်၊ လာခဲ့မယ် "

"ဟုတ် "

ဖုန်းချ ပြီးတာနဲ့ အခန်းနံပါတ်ပါ SMS ရိုက်ပို့လိုက်သည်။မေမေက ကိုကို့ကို တော်တော် ချစ်သည် ။ငယ်ငယ်ကတည်းက အနေအေးတာရော မခကို စောင့်ရှောက်ထားပေးတာရောကြောင့် သူ့သားလိုဖြစ်နေတာ ။ အခုထိခိုက်တယ်လည်းကြားရော ချက်ချင်းကို လာခဲ့မယ် ဖြစ်ရော။

"ဘယ်သူဆက်တာလဲ "

နိုးလာတဲ့ကိုကိုက လက်ထောက်ကာ ထဖို့ ပြင်နေတာကြောင့် အမြန်ထူပေးလိုက်သည်။

"မေမေ့ဆီက ဒီကိုလာမလို့တဲ့ "

"အန်တီ ပြန်ရောက်နေတာလား"

"အင်း မနေ့က ရောက်တာ "

"ဪ "

"ကျွန်တော် မျက်နှာသစ်ပေးမယ် "

ဆေးရုံအဆောင်တွေမှာပေးထားတဲ့ ရေကန်တွင် မခ အရင် မျက်သစ်သွားတိုက်ပြီး ရေခွက်နဲ့ ထည့်ကာ ကိုကို့ကို မျက်နှာသစ်ပေးလိုက်သည်။ထို့နောက် ဆေးရုံအပြင်က ဈေးတန်းကနေ မုန့်ဝယ်ပြီး မနက်စာ ကျွေးသည် ။

ဟေမန်ခသော နွေWhere stories live. Discover now