Ep -21(Unicode)

10K 1.1K 73
                                    




နှာခေါင်းထဲ ရောက်လာတဲ့ ခပ်စူးစူး ညှော်နံ့က ဘယ်လိုမှ အသက်ရှူလို့ မရအောင်ထိ မွန်းကြပ်လာသည်။ ဒါကြောင့် မျက်လုံးဖွင့်ကြည့်တော့ အပြင်မှာကောင်းစွာမလင်းသေးပေ။ ပုခုံးပေါ်မှာတင်ထားသော သောမာန်လက်လည်း လှုပ်ရှားလာတာကြောင့် ဒီအနံ့က တစ်ယောက်တည်း ရနေတာ မဖြစ်နိုင်။

မတိုင်ပင်ပါဘဲ နှစ်ယောက်လုံး ခုတင်ပေါ် က ပြေးဆင်း​ကာ ပတ်ဝန်းကျင်ကို ကြည့်မိသည်။ လယ်ကွင်းတွေတောင်တန်းတွေဘက်က ပုံမှန်အတိုင်းတည်ငြိမ်လျက်ရှိပြီး ည သုံးနာရီဝန်းကျင်သာ ရှိသေးတာကြောင့် မီးခိုးလိုလို အရိပ်က မသဲကွဲဖြစ်နေသည် ။အပင်တွေ အုံ့ဆိုင်းနေတဲ့ တဖက်အိမ်ကိုလှည့်ကြည့်လိုက်ချိန် မီးခိုးတွေအူတက်လာတာကို မြင်လိုက်ရတော့
ကျွန်တော့်ထက် အရင်မြင်ကာ ခြံပြင်ကို ပြေးထွက်သွားသော ကိုကိုကြောင့် ဘာလုပ်ရမှန်းမသိ ခေါင်းထဲ ပူထူလာသည်။

"မီးသတ် ... ဟုတ်တယ် မီးသတ်ကို ဖုန်းဆက်ရမယ်"

အိမ်ထဲပြေးဝင်ကာ ဖုန်းယူပြီး ခေါ်နေရင်းနဲ့ လက်တွေ တုန်ရီလျက်။မီးသက်ကို ပြောတဲ့ စကားသံတွေမှာလည်း စိုးရိမ်စိတ်ကြောင့် အလျှင်လိုနေသည်။ထိုအချိန် ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲသံကြီးတစ်ခု ။ ညဉ့်နက်အချိန်မို့ ဘေးနားကပ်နေသော ခြံထဲမှာ ဗုံးတစ်လုံးခွဲလိုက်သလို ကျယ်လောင်လှသည်။

"ကိုကို !"

လက်ထဲက ဖုန်းလွတ်ကျကာ တဖက်ခြံကို ပြေးလိုက်သွားတော့ မီးတောက်တွေက အိမ်ရှေ့ တံခါးဝကနေ ထွက်နေသည်။ပေါက်ကွဲတဲ့ရှိန်ကြောင့် ရေကန်ရှိတဲ့ ခြံထောင့်ကနေဆွဲပြေးလာသော ရေပုံးနဲ့အတူ သောမာန်ပါ မြေပေါ်တွင် လဲနေခဲ့သည်။ ထို့နောက် ကုန်းရုန်းထကာ အဖေနဲ့အမေအပြင် ဘုန်းမြတ်ကိုပါ မနားတမ်းအော်ခေါ်နေ၏။

အပေါ်ထပ်က မီးအရှိန်ကြောင့် ကွဲကျ လာတဲ့မှန်ပြတင်းပေါက်တွေက မိုးစက်တွေလို အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသည်။ခြေဖဝါးအောက်က နာကျင်မှုတွေနဲ့ အရှိန်ပြင်းပြင်းလာဟပ်သော ပူပြင်းမှုတွေကို သူတို့ ဂရုမမူအား။ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးတွေ အုံ့မှိုင်းလာပြီး တဖြည်းဖြည်းဝါးမြိုနေတဲ့ မီးတောက်က အရှိန်ရပ်မသွားပေ။ ခပ်ပြီး ပက်နေတဲ့ ရေကလည်း ဘယ်လိုမှ အရာမရောက်နိုင်။မီးက ထိန်းမရနိုင်အောင် လွန်နေပြီဖြစ်သည်။ညှော်နံ့တွေကလည်း မီးခိုးတွေနဲ့အတူ အသက်ရှူကြပ်လာတဲ့အထိ နံနေသည်။

ဟေမန်ခသော နွေDonde viven las historias. Descúbrelo ahora