Ep -24 (Unicode)

8.7K 1.1K 82
                                    

တိုက်ခန်းထဲဝင်လိုက်တာနဲ့ မွှေးပြန့်နေသော ဟင်းနံ့က လူကို မယုံကြည်နိုင်လောက်အောင် အံ့ဩသွားစေသည်။ချက်ချင်းပဲ မီးဖို ခန်းဘက်ဝင်သွားလိုက်တော့ တစ်ခုခုကို ကြော်လှော်နေတဲ့ နောက်ကျောပြင်ဟာ အလွန်ကြည်နူးစရာကောင်းနေသည်။
ကျွန်တော့်ခြေသံကြားလို့လှည့်ကြည့်လာတဲ့ မျက်နှာချောချောမှာ အပြုံးတစ်ပွင့်နဲ့

"ငယ် ခဏလေးနော် ရတော့မယ် "

ဘာစကားမှ ပြန်မပြောနိုင် မျက်ရည်ဝဲလာတာကို သိတာကြောင့်​ကိတ်မုန့်ဘူးနဲ့ အိတ်ကို စားပွဲပေါ် တင်လိုက်ပြီး မြင်နေရသော ကျောပြင်ဆီ ဖက်တွယ်ထားမိသည်။ ပါးပြင်နဲ့ ကပ်နေတဲ့ ရှပ်အင်္ကျီက ခပ်နွေးနွေးလေးဖြစ်နေပြီး လက်တစ်ဖက်က ဇွန်းကိုင်ထားကာကျန်လက်တစ်ဖက်က ကျွန်တော့် လက်တွေပေါ် ပြန်လည်အုပ်ကိုင်ထားသည်။

"Happy Birthday ကိုကို"

ဒယ်အိုးထဲကနေ ပန်းကန်ထဲ ပြောင်းထည့်လိုက်ပြီး ကျွန်တော့်ဘက်လှည့်ကာ ပါးနှစ်ဖက်ကို အုပ်မိုးကိုင်ထားတဲ့ လက်တွေက အေးစက်နေသည်။ ထို့နောက် နှဖူးပြင်ကို အချိန်အတော်ကြာတဲ့အထိ ဖိကပ်ထားပြီးမှ ကျလုဆဲဆဲ မျက်ရည်တို့ကို လက်မလေးနဲ့ အသာသုတ်ပေးလာသည်။ နှုတ်ခမ်းပါးက ပြုံးနေပေမယ့် အနီးကပ်မော့ကြည့်လိုက်မှ ကိုကို မျက်ဝန်းတွေက နီနေသလိုလို။

"စားတော့မလားငယ် "

"ဟုတ် "

အဝတ်အစားတောင် မလဲနိုင်ပဲ တစ်ခါတည်း စားပွဲမှာဝင်ထိုင်လိုက်ပြီး ကိုကို ထမင်းခူးနေတဲ့အချိန် ကိတ်မုန့်ကို အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်သည်။ အသီးနှံ့မျိုးစုံနဲ့ ဝက်သားတောက်တောက်ကြော်က ကြာညို့အနံ့လေးလှိုင်ကာ မွှေးပြန့်လျက်။
စားသောက်ပြီးကိတ်မုန့်ခွဲပြီးသည်အထိ ကိုကို အပြုံးက နည်းနည်းလေးမှ ပျောက်ကွယ်မသွား။အိတ်ထဲက နာရီဘူးလေးကို ထုတ်ယူပြီး မျက်နှာချင်းဆိုင်ထိုင်နေရာကနေ ထလိုက်သည်။ထို့နောက်ခုံပေါ်မှာထိုင်နေ​တဲ့ ကိုကို နားဒူးထောင်ထိုင်ချလိုက်တော့ ပုခုံးပေါ်ကို အ​ယောင်ယောင်အမှားမှား လှမ်းလိုက်တဲ့ လက်ဖမိုးလေးတွေ။ ခေါင်းစောင်းကာ နမ်းလိုက်ပြီး ထိုလက်မှာပဲ နာရီကိုဝတ်ပေးလိုက်သည်။

ဟေမန်ခသော နွေWhere stories live. Discover now