Ep-5(Zawgyi)

7.4K 555 26
                                    


နှင်းဆီနွယ်တွေကြားကနေ လှမ်းမြင်နေရတဲ့ ကျောပြင်တစ်ခုကို ပိုပြီး မြင်ချင်တာကြောင့် နှင်းဆီဆူးခတ်တို့ကို အသာဖယ်ကာ တိုးကြည့်မိသည်။ နီညိုရောင်လက်ရှည်နဲ့ ခေါင်းကို အရှေ့ ငိုက်ချထားခြင်းဟာ စာအုပ်ဖတ်နေတဲ့ အနေထားဆိုတာ အနောက်ကနေ ကြည့်လည်း သိသာသည် ။
ခေါင်းငုံ့ထားသောကြောင့် ရှပ်အင်္ကျီကော်လံရဲ့အပေါ်မှာ ထင်းနေသော လည်ဂုတ်ဖွေးဖွေး တို့ကိုမြင်နေရသည်။ ဘိုကေလို ညှပ်ထားတဲ့ တိုတိတိဆံပင်က သေချာပြင်ဆင်စရာမလိုဘဲ သပ်ရပ်နေပြီးသား။
နောက်ကျောပဲမြင်နေရတာ အားမရတော့ ပိုပြီး မြင်ရအောင် တိုးမိချိန် လက်ညိုးထိပ်ထဲ စိုက်ဝင်သွားတဲ့ နှင်းဆီနွယ်က ဆူးကြောင့် အနောက်ပြန်ဆုတ်လိုက်ရသည်။

"ငယ်သွေး?"

"ဘုရား!"

"ဟယ် ဘာတွေ အလန့်တကြားဖြစ်နေရတာတုန်း"

အနောက်နားဆီမှ မေမေ့အသံကို ထိတ်လန့်သွားတော့ သူခိုးလူမိသည့်ဟန်ဖြင့် ကျွန်တော် ပြုံးဖြီးပြမိသည်။ မေမေဆိုသည်မှာလည်း အနေသာအေးသော်လည်း လျှင်မြန် သွက်လက်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ဘာကိုလှမ်းကြည့်နေတယ်ဆိုတာ တန်းသိလေသည်။

"သားဆော့ချင်ရင် သွားလေ "

"သူပုံစံက အေးတိအေးစက်ကြီးမေမေရ။ အစ်ကိုဘုန်းမြတ်လိုမဟုတ်ဘူး သားကိုအော်လွှတ်လိုက်မှာကြောက်တယ် "

"မေမေ အကဲခတ်ကြည့်ရသလောက်တော့ သူက ဆိုးမယ်မထင်ပါဘူး။ နောက်ပြီး ငယ်သွေးက အော်လွှတ်ရလောက်အောင်လည်း အမြင်ကပ်စရာကောင်းနေတဲ့ ကလေးမှ မဟုတ်တာ ။ သွား မေမေပြောတာယုံ သူ သားကို လုံးဝ အော်မလွှတ်စေရဘူး "

"တကယ်လား "

"အင်း တကယ်ပေါ့ "

မေးငေါ့ကာ ပြောတဲ့ မေမေ့ အားကိုးနဲ့ ခြံပေါက်ဝ ဆီသို့ အပြေးသွားလိုက်သည်။ သို့သော်သူ့ခြံရှေ့ ရောက်တော့ ခြေလှမ်းတို့က အလိုလိုနှေးကွေးလာပြီး တည်ကြည်မြဲ သူ့မျက်နှာကို မသိမသာ လှမ်းကြည့်မိသည် ။
ခုံမှာထိုင်နေပုံက ဒူးတစ်ဖက်ကို ချထားပြီး ကျန်တဲ့တစ်ဖက်ကို ခြေချိတ်ကာ တင်ထားသည်။ ထိုဒူးပေါ်ကို လက်ပတ်နာရီပတ်ထားသော လက်က ချထားပြီး ကျန်လက်တစ်ဖက်နဲ့ စာအုပ်အလည်ကို လက်ဖြင့် ညှပ်ကိုင်ကာ အထာကျနေ၏။သူ့စာအုပ်ထဲက အကြောင်းအရာလောက် အပြင်မှာရှိတဲ့အရာတွေက တစ်ခုမှ အရေးမပါနေသည့်ဟန် အာရုံစူးစိုက်နေသည်။ ဒါကြောင့် ကျွန်တော့် ခြေလှမ်းတို့ အနားတိုးသွားတဲ့အထိ သူသတိမပြုမိသေး ။

ဟေမန်ခသော နွေDonde viven las historias. Descúbrelo ahora