စိမ်းသက်နေတဲ့ ပတ်ဝန်းကျင်က အသားမကျသေးသော ခံစားချက်ကို ပိုလောင်ကျွမ်းအောင် အထောက်ကူ ပြုပေးနေသည်။တိုက်ခန်းတံခါးကို ဖွင့်ပြီးဝင်လိုက်တာနဲ့ မှောင်မဲနေတဲ့ အခန်းထဲမှာ စာတန်းထိုးနေသော TV က ဘယ်အချိန်ကတည်းက ပြီးဆုံးနေလဲမသိ။ TV ကို စိုက်ကြည့်နေသော မျက်လုံးသေတွေနဲ့အတူ အသိမရှိသလို ဆိုဖာပေါ်မှာ ထိုင်နေတဲ့သူ။
"ကိုကို ..."
မီးဖွင့်ရင်းခေါ်လိုက်မှာ အသိပြန်ကပ်ပြီး အိပ်ယာက လန့်နိုးသော လူတစ်ယောက်လို လှည့်ကြည့်လာသည်။ အသက်မဲ့နေတဲ့ မျက်ဝန်းတွေကို မြင်ရတိုင်း ရင်တွေနာရပါ၏။
" ငယ် ....ပြန်ရောက်ပြီလား"
" ကိုကို ဘာစားပြီးပြီလဲ "
မျက်ဝန်းတို့က ကြမ်းပြင်ကို ကြည့်ကာ လှုပ်ရှားသွားသည်။ သူ စားပြီးရဲ့လားဆိုတာ မသိတဲ့ဟန်။
"ခဏစောင့် ငယ် တစ်ခုခုပြင်ပေးမယ် "
"ကိုယ်လုပ်လိုက်ပါ့မယ် "
ကျွန်တော့် ထက် ဦးစွာ မီးဖို ခန်းဘက် ခပ်သုတ်သုတ်ဝင်သွားတဲ့ ကိုကိုက သူ့ကို စိတ်မညစ်စေချင်လို့ မနည်းဟန်ဆောင် ထိန်းနေသည့်ပုံစံ။ တစ်လရှိပြီ ။ မီးဟုန်းဟုန်းတောက်နေတဲ့ ဒီမြင်ကွင်းက ညတိုင်း အိမ်မက်ဆိုးအဖြစ် ပြန်မြင်ယောင်နေတုန်းပဲ ။
သူတောင် အဲ့လောက် ခံစားနေရရင် ကိုကို ကရော ။ မိသားစု အကုန် ဆုံးရှုံးရသလို အမှတ်တရများစွာနဲ့ ခြံလေးကိုပါ စွန့်ပစ်ခဲ့ရ ပြီး အခုထိ ကျူရှင်ကိုမသွားနိုင်သေးဘဲ ဒီတိုက်ခန်းလေးထဲမှာပဲ ရှိနေခဲ့တာ ။ အလုပ်က ပြန်လာတိုင်း ကိုကို ဘာမှမဖြစ်ပါစေနဲ့ဆိုတဲ့ ဆုတောင်းစကားက အချိန်တိုင်းရေရွတ်နေမိသည်။ လျှပ်စစ်ဒယ်အိုးကနေ ရှော့ဖြစ်ပြီး အရင် gas အိုးအဟောင်းပေါက်ကွဲတာကြောင့် သုံးယောက်လုံး လွတ်နိုင်စွမ်းမရှိခဲ့ဘူး။မီးအရှိန်က ကျွန်တော်တို့ ခြံဘက်ကို ရော ကူးထားတာကြောင့် မေမေက အဒေါ် သူ့အမတွေရှိတဲ့ ကချင်ပြည်မှာရှိပြီး ယခု ကျွန်တော်နဲ့ ကိုကိုက ဖေဖေဝယ်ပေးထားတဲ့ တိုက်ခန်းမှာ နေသည် ။
ရုတ်တရက်ကြီး တစ်ယောက်တည်း ဖြစ်သွားတဲ့ ကိုကို့ကို သူနှစ်သိမ့်ပေးချင်သော်လည်း ကိုယ်တိုင်က အနာမကျက်သလို ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်တိုင်း ပြောမယ့် စကားတို့ ပျောက်ရှနေမြဲ။
သက်ပြင်းချမှုအကြိမ်ကြိမ်နဲ့ အင်္ကျီလဲပြီး အပြင်ထွက်လာတော့ စားပွဲမှာ တင်ထားတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်နှစ်ခုရှိနေသည်။

ŞİMDİ OKUDUĞUN
ဟေမန်ခသော နွေ
Romantizmမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? Cover ph...