Ep-33(Unicode)

8.5K 1K 37
                                    


ည၁၁ နာရီခွဲလောက် သောမာန် ဖုန်းဆက်တာကြောင့် နိုင်ထက်မှာ အပြေးလာနေရသည်။ မခ စိတ်ဖောက်ပြီး လွန်လွန်ကျွံကျွံလုပ်တယ်လို့ သူတစ်ခါမှ မတွေ့ဖူး။ သောမာန်ပြောလို့သာ ယုံရတာ တကယ်အံ့ဩမိသည် ။ သူရှိနေရင် မခက ပိုစိုးမှာစိုးတာကြောင့် နိုင်ထက်ကို ပြောပြီးသွားကြည့်ခိုင်းခြင်းပင်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ချက်တော့ ကျေးဇူးတင်တယ် တစ်ခုခုဆို မခနားမှာရှိမယ့်သူက ကိုယ်ပဲဖြစ်ချင်တာ။

ပြောလိုက်တဲ့ Password အတိုင်းဖွင့်ဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကြောင့် ပိုစိတ်ပူသွားသည်။ သို့သော် ထမင်းစားခန်းထဲမှာ ထိုင်နေတဲ့ မခက အေးအေးလူလူ ထမင်းကြော်ကို စားနေသောကြောင့်

"မခ ..."

စားပြီးသား ပန်းကန်တွေကို ဘေစင်မှာ ပစ်ထည့်လိုက်ပြီး နိုင်ထက်ကို ပြုံးပြလာသည်။ နာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ နှုတ်ခမ်းကအပြုံး နည်းနည်းလေးမှ မအပ်စပ် ရင်နာရပါ၏ ။ဒီလို မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်တာထက် ကိုယ့်ရှေ့မှာ ကလေးတစ်ယောက်လိုသာ ငိုစမ်းနေပါကွာ ။

"အစ်ကိုနိုင်ထက် ......ခင်ဗျား မှတ်မိသေးလား ကျွန်တော် ၈တန်းနှစ်တုန်းက အကြောင်းတွေကို"

"......."

"အဲ့တုန်းက ကျွန်တော့်ကို အနိုင်ကျင့်သလိုမျိုး ထပ်လုပ်ပေးနိုင်မလား။ အဲ့ဒါဆိုရင် ကိုကို ပြန်လာပြီး ကျွန်တော်ကို ကယ်မယ် ထင်တယ် "

"မခ! "

မင်းသိလား ....အဲ့အတိတ်ကအကြောင်းအရာတွေက ငါ့ကို အမြဲ ခြောက်လန့်နေတယ် ဆိုတာ ။မင်းနဲ့ ဒီထက်ပိုပြီး နီးစပ်ချင်တာတောင် အဲ့ဒီစိတ်ကြီးကြောင့် ငါရှေ့မဆက်နိုင်ဘူး။ ဖြစ်တဲ့ အတိတ်တွေကို မေ့ပစ်ချင်ပေမယ့် မင်းကို မြင်တိုင်း ပြောင်းလဲလို့မရဘဲ နောင်တတွေပဲ ထပ်နေခဲ့တာ ။

"အဲ့အချိန်တုန်းကလို ကျွန်တော်က အားပျော့တဲ့ သူတစ်ယောက်လို့သတ်မှတ်ပြီး"

"တော်ပါတော့ ...."

".........."

" ဆက်မပြောပါနဲ့တော့ကွာ .... ငါအရင်တုန်းက နိုင်ထက်သျှားမဟုတ်တော့ဘူး ၊ မင်းနဲ့​ပတ်သက်ပြီးမှ အရာရာပြောင်းလဲလာတာ ။ အဲ့လိုအမှားမျိုး ငါနောက်ထပ် ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်တော့လို့ အခုလိုပြောနေတာတွေ တော်ပါတော့ ။မင်းသိလား ငါမင်းကို နည်းနည်းလေးမှ အထိခိုက်မခံနိုင်ဘူး။တခြားလူတစ်ယောက်အတွက် မင်းအရူးတစ်ယောက်လို ဖြစ်နေတဲ့အချိန်တိုင်း ငါဘယ်လောက်ထိ ..... ဘယ်လောက်ထိ ငါ့ရင်ထဲမှာ ....."

ဟေမန်ခသော နွေWhere stories live. Discover now