Ep-17(Unicode)

10K 1.2K 64
                                    


ညနေ ဆည်းဆာအချိန်။ ပင်ပန်းမှုတို့သယ်ဆောင်ကာ အိမ်ပြန်ရောက်ခဲ့ပေမယ့် တိုက်အိမ်ငယ်လေးထဲ လှမ်းဝင်လိုက်ချိန်နွေးထွေးမှုနဲ့အတူ မေမေရဲ့ ဟင်းအနံ့က လူကိုလန်းဆန်းသွားစေသည်။မေမေရဲ့ ဟင်းချက်လက်ရာကို ဘုန်းမြတ်အလွန် ကြိုက်သည်။ဘာကိုချက်ချက် အနည်းငယ်အလေးပိုထည့်တာကြောင့် ထမင်းနဲ့စားရင် ကွက်တိ အရသာဖြစ်စေတာကြောင့်အပြင်မှာ ဘယ်လောက်ပဲ ဈေးကြီးတဲ့အစားအသောက်ကောင်းဖြစ်ပါစေ အိမ်ထမင်းဟင်းလောက် မကောင်းဘူးဟု သတ်မှတ်ထားသူ။ ရောက်တာနဲ့ မီးဖိုခန်းထဲဝင်သွားပြီး ချက်ပြုတ်နေသော မေမေ ပုခုံးပေါ် မေးတင်လိုက်ကာ

"ဘာတွေ ချက်နေတာလဲမေမေ"

"ကြက်ဥချက်မလို့ သား ။ ခရမ်းချဉ်သီး ဆီသပ်နေတာ"

"ဟာ ကြိုက်ပြီ။ ကြက်ဥကို မပြုတ်နဲ့နော် "

"အေးပါ သားကြီးအကြိုက် မေမေသိပါတယ် "

ကြက်ဥချက်တဲ့အခါ ပြုတ်ပြီးမှ ပြန်ချက်တာမဟုတ်ဘဲ ခရမ်းချဉ်သီးဆီသတ်ပြီးတာနဲ့ ကြက်ဥကို အစိမ်းဖောက်ထည့်ပြီး အနှစ်မကျက်တကျက်လေး ဖြစ်သည်။မေမေက ရေထည့်ပြီး ဒယ်အိုးကို အဖုံးပိတ်ကာ အရပ် ကလန်ကလားနဲ့မှီနေသော ဘုန်းမြတ်ဘက်လှည့်လာသည်။

"ဟယ် သားကြီး မြေပဲတွေစားပြန်ပြီလား မတည့်တာကိုကွယ် "

မျက်နှာနဲ့ လည်ပင်းတွေမှာ အနီရောင် အစက်ပျောက်တွေ ထွက်ကာရဲနေသည်။ဘုန်းမြတ် ငယ်ငယ်ကတည်းက မြေပဲစားမိတိုင်း ဖြစ်နေကျအရာက ဖေဖေဆီမှ အမွေ ရသည်ဟု အမေခပ်ပြုံးပြုံးပြောပြခဲ့သေးသည်။

"ပွဲပြီးတော့ သူငယ်ချင်းတွေက သင်္ဘောသီးထောင်းစားတာကို နည်းနည်း နှိုက်မိသွားတာ ။ မြေပဲ ပါမှန်း သားသတိမထားမိလိုက်ဘူး"

"ရေချိုးပြီး ဆေးလိမ်းထားလိုက်အုံး ။ အန္တရာယ်မဖြစ်ပေမယ့် ငါ့သား လူချောလေး မျက်နှာပျက်ကုန်ပါအုံးမယ်ကွယ်"

"အမေ့သားက ဘယ်လိုနေနေ ချောပါတယ်ဗျ"

"ဟုတ်ပါပြီရှင် ချောပါ့ ချောပါ့"

"ဒါနဲ့ ညီလေးရောမေမေ"

"မခက အလုပ်သွားတယ်လေ သား။ခဏနေလောက်မှ ရောက်မှာ"

ဟေမန်ခသော နွေWhere stories live. Discover now