1သန်းခေါင်ယံနီးပါးရှိနေသော အချိန်က ဆိုင်ကယ် စက်ရပ်သံ တစ်ခုနဲ့ ခဏတာမြည်တွင်သွားစေသည်။ခြံတံခါးကို သော့အပိုတစ်ချောင်းနဲ့ ဖွင့်လိုက်ပြီး ဆိုင်ကယ်ကို ခြံထဲ စီးမဝင်ပဲ ဒီအတိုင်း တွန်းကာ အိမ်ထဲ ဝင်လာလိုက်သည်။ ထမင်းစားခန်းမှာ မီးလင်းနေသော်လည်း အရင်ကလို အိမ်ပေါက်ဝမှာစောင့်နေသော ကိုကို့ကို မတွေ့တာကြောင့် ကြမ်းပြင်သို့ ခြေသံကို ခပ်ဖွဖွနင်းကာ လျှောက်လာလိုက်သည်။ ဒီအချိန်ဆို အိပ်နေလောက်ပြီ။အဲ့ဒါကြောင့် ဆိုင်ကယ်ကို စီးမဝင်တာ။
အိမ်ထဲရောက်တော့ ထင်သည့်အတိုင်း ထမင်းစားပွဲမှာ လက်နှစ်ဖက်ပေါ် ခေါင်းတစ်စောင်းတင်ရင်း အိပ်ပျော်နေတဲ့ ကိုကို။ ကျွန်တော် ဘယ်လောက်ပဲ နောက်ကျနေပါစေ ကိုကို အိမ်မှာ ရှိနေတဲ့ ရက်တိုင်း ထမင်းလက်ဆုံ စားရန်စောင့်နေတတ်သည်။ ကျွန်တော်ကလည်း ဘယ်လောက်ဗိုက်ဆာဆာအပြင်မှာ ဘယ်တော့မှ စားမလာခဲ့တာ အကျင့်တစ်ခုလိုဖြစ်နေပြီ။
နှဖူးပြင်ပြေပြမှော ကျနေသော ဆံနွယ် တချို့ကြောင့် ရေချိုးပြီးခါစကတည်းက ထမင်းဝိုင်း ပြင်ပြီး စောင့်နေတာ ဖြစ်မည်။အစ်ကိုနိုင်ထက်ကို ပြန်လိုက်ပို့ခဲ့တာကြောင့်နောက်ကျသွားတာ။ ဖုန်းလည်း ကြိုမဆက်လိုက်မိတာရော ပေါင်းပြီး ကိုကိုကို့ အားနာသွားသည်။ခြင်ဖုလေးတွေကြောင့် ရဲနေတဲ့ နားရွက်ဖျားကို ငုံ့နမ်းလိုက်တော့ မျက်ခုံးများတွန့်ချိုးကာ နိုးလာသော်လည်း မျက်လုံးက ကောင်းစွာမပွင့်သေး။
"စားပြီး အရင်ဝင်အိပ်နှင့်တာ မဟုတ်ဘူးကိုကိုရာ ခြင်တွေက ပွဲတော်တည်နေပြီ"
ပါးပြင်ပေါ်က ခြင်ဖုကို လက်သည်းနဲ့ အသာဆိတ်ပြီးပြောတော့ ပြုံးပြီး ဘာမြှပန်မပြောဘဲ အုပ်ဆောင်းကိုဖွင့်ကာ ဟင်းခွက်တွေကို မီးဖိုဘက်ပြန်သယ်သွားသည်။
" အင်္ကျီလဲအုံး ငယ် ။ ဟင်းတွေ ပြန်နွေးထားလိုက်မယ်။ ရေနွေးစပ်ထားတာတွေက အေးနေပြီထင်တယ် နေအုံး ပြန်တည်ပေးမယ် "
လျှပ်စစ် ဒယ်အိုးကို ဖွင့်ကာ ဟင်းတွေ ပြန်ထည့်ပြီး ရေနွေးအိုးကို ယူနေတာကြောင့် မခ တားလိုက်သည်။

BẠN ĐANG ĐỌC
ဟေမန်ခသော နွေ
Lãng mạnမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? Cover ph...