Ep- 27(Unicode)

8.4K 1K 64
                                    

အပြင်မှာပြင်းထန်စွာ ရွာနေတဲ့ မိုးစက်တွေရဲ့ အသံကို နားထောင်ရင်း ခေါင်းအုံးပေါ် မှောက်လျှက် အသံတိတ် ငိုကြွေးမိသည်။ မယုံနိုင်သေးဘူး ။

လွတ်နေသော အိပ်ယာပြင်က လက်နဲ့ ထိတော့ အေးစက်ကာ ပိုင်ရှင်ကင်းမဲ့နေတာ မယုံနိုင်သေးဘူး။
နွေးထွေးတဲ့ ရင်ခွင်ဟာ နောက်တစ်ကြိမ် ခိုလှုံခွင့်မရတော့တာ သေချာနေပြီးဆိုတာကိုလည်း မယုံကြည်နိုင်ဘူး။

သို့ပေမယ့် အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့ ကိုကို့ အချစ်တွေကို သံသယကင်းစွာ တောင်းတနေတုန်းပဲ ။အကြောင်းပြချက် မပေးဘဲ ထွက်ခွာသွားတဲ့ သူကို မမုန်းရက်ဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အမုန်းဆိုတဲ့ စကား မရင်းနှီးခဲ့ ။တကယ်လည်း မရှိခဲ့ပါ။

ဒီအတိုင်း.... ဒီအတိုင်းလေးပဲရင်နစ်အောင် ချစ်ရပါသော လူသားတစ်ယောက် ရုတ်တရက် ဘေးနားကနေ ထွက်ခွာသွားတဲ့ ခံစားချက်လေးပဲ ။ ဒါကို သေမတတ်ခံစားနေရတဲ့ ကျွန်တော်က အရမ်းပျော့ညံ့နေပြီလား။ ကိုကိုရော ဘယ်လိုနေမလဲ ။ရွေးချယ်သွားတဲ့ လမ်းမှာ ကိုကိုမပျော်မှာကို ကျွန်တော် စိုးရိမ်တယ် ။

အိပ်မပျော်မဲ့အတူတူ မျက်ရည်စက်တွေကို မိုးစက်တွေနဲ့ ရောဖို့ တွေးမိလာသည် ။ မသယ်ချင်တဲ့ ခန္ဓာကိုယ်က ခုတင်အောက်ခြေချလိုက်တာနဲ့ ယိုင်နဲ့နဲ့သာ။ ပြတင်းပေါက်နားကို တိုးပြီး မှန်တခါးကို ဖွင့်လိုက်တော့ အေးစက်တဲ့ မိုးစက်တွေက မျက်နှာပြင်ကို လာစင်သည်။ သက်ပြင်းနဲ့အတူ မျက်လုံးမှိတ်ကာ မိုးစက်တွေထိတွေ့ပြီး ခဏအကြာ အပြင်ကို လှမ်းကြည့်မိသည်။

မြင်နေရတဲ့ အမြင်အာရုံဟာ မသဲကွဲတဲ့ မိုးရေတွေကြားက အရိပ်လေးတစ်ခုကြောင့် ရင်ထဲမှာ ဒိန်းခနဲ။ လမ်းမီးရောင်သဲ့သဲ့ရဲ့ အောက်မှာ မခ ရှိရာ အခန်းဆီသို့ ကြည့်နေသော ထိုအရိပ်လေး။
မြင်လိုက်ရုံနဲ့ သေချာသိနေသော သူမို့ အပြင်ကို အပြေးဆင်းမိသည်။ဖြစ်နိုင်ရင် မြင်နေရတဲ့ ပြတင်းပေါက်ကနေကို ခုန်ချလိုက်ချင်သည်။ ဒီအချိန် မှာ မြင်ကွင်းကနေနည်းနည်းလေးမှ မပျောက်ကွယ်စေချင်။

ဘယ်အချိန်ကတည်းကလဲ၊ မိုးတွေ စရွာကတည်းက ရပ်နေခဲ့တာလား ။ကျွန်တော်တစ်ယောက်တည်း ရူးရရင် တော်ပါပြီ ။ ကိုကို အဲ့လို လိုက်ရူးစရာမလိုပါဘူး။

ဟေမန်ခသော နွေWhere stories live. Discover now