Ep-3(Unicode)

14.4K 1.6K 21
                                    



မြစိမ်းရောင် အခက်အလက်တွေကြားမှာ သရက်ဖူးကလေးများက ကြေးနီထဲမှ ရွှေစလေးများကဲ့သို့ အပြိုင်အဆိုင် ဖူးပွင့်နေကြသည်။
ခြံနှစ်ခုလုံးမှာ သရက်ပင်ရှိသည်ဆိုသော်လည်း အပြာနုရောင်သုတ်လိမ်းထားတဲ့ နှစ်ထပ်တိုက်ဘက်မှာ အပင်ပိုများလေသည်။ထိုသို့ အရိပ်ကောင်းကောင်းအပင်ကြီးတွေကာရံထားတဲ့ မြက်ခင်း အလွတ်ပေါ်မှာ ဘောလုံးကိုအပြိုင်အဆိုင်လုနေကြသော ကောင်လေးနှစ်ယောက်။
ခန္ဓာကိုယ်ခပ်သေးသေးအရွယ်အစားရှိတဲ့ကောင်လေးက ဘောလုံးကစားနေကျမဟုတ်တာကြောင့် ခြေစွမ်းပြနေသော တဖက်က ကောင်လေးဆီကနေ ပြန်လုယူဖို့ မလွယ်ကူလှချေ။ဘုန်းမြတ်က ဘောလုံးကို ဘယ်ခြေ၊ညာခြေပြောင်းကာ အရှေ့မှာရှိနေသောကောင်လေးကို စလို့ကောင်းနေသည်။

"တော်ပြီ မဆော့ချင်တော့ဘူး"

ဘောလုံးကို မယူနိုင်မှန်းသိတဲ့အဆုံး နှဖူးကချွေးတို့ကို ဖယ်သုတ်လိုက်ပြီး မြက်ခင်းပေါ်သို့ခြေပစ်လက်ပစ်ထိုက်ချလိုက်သည်။ ဆူပုတ်ပုတ်မျက်နှာနဲ့ ကျွန်တော့် ကို အစ်ကိုဘုန်းမြတ်ကသဘောကျစွာရယ်ပြီး ခြေထောက်အောက်က ဘောလုံးကို ကောက်ယူကာ ဘေးနားဝင်ထိုင်သည်။

"လာပါ အစ်ကိုနောက်တစ်ခါမစတော့ဘူးနော် ..အလျော့ပေးပါ့မယ်ထထ ပြန်ဆော့ရအောင် "

လက်မောင်းကနေ ဆွဲကာ ပြန်ထဖို့ခေါ်သော်လည်း မထတဲ့အပြင် မြက်ခင်းပေါ် လှဲအိပ်ချလိုက်သည်။

"တော်ပြီ။ အစ်ကို အဲ့လိုပြောတာ သုံးခါရှိပြီလေ "

"ဒီတစ်ခါ တကယ်"

"အဲ့လိုပြောတာလည်း နှစ်ခါရှိပြီ ။ ခဏနားအုံးမယ်ဗျာ ကျွန်တော်က ဆော့နေကျမဟုတ်တော့ မောတယ် "

"ဟုတ်ပါပြီဗျာ"

အစ်ကိုဘုန်းမြတ်က တကယ်ခေါ်လို့မရမှန်းသိတော့ ဘေးက မြက်ခင်းအလွတ်ပေါ် သူပါဝင်လှဲလိုက်သည် ။ မောနေတဲ့အရှိန်ကို ခဏငြိမ်အောင်ထားလိုက်ပြီး မျက်ဝန်းတို့က မှန်တံခါးအနည်းငယ်ဟထားသော တိုက်ရဲ့ အပေါ်ထပ်အခန်းဆီ လှမ်းကြည့်နေမိသည်။

ဟေမန်ခသော နွေWhere stories live. Discover now