Ep-43(Unicode)

11.4K 1.2K 72
                                    



"မေမေ အိမ်ပြန်ရအောင်နော် "

အတင်းဆွဲကာ ထားတဲ့ မခ လက်ကြောင့် မိုးမခနွယ် လှည့်ကြည့်လာသည်။ ထို့နောက်ငိုနေသော မခ မျက်နှာအား လက်နဲ့ အသာအုပ်ကိုင်လိုက်ပြီး သူမကို ကြည့်စေ၏။

"ငယ်သွေး သားမာန်ကို ယုံလား"

"....."

မေမေ စကားကိုမဖြေနိုင်။ကျွန်တော်ကိုကို့ကို ယုံတယ် ဒါပေမယ့် အခြေနေက အရင်ကလို မဟုတ်ဘူး။မာန့်မှာ သားလေးရှိတယ် ၊ အရမ်းနားလည်ပေးပြီး ဂရုစိုက်တတ်တယ် အမျိုးသမီးရှိနေတယ်။ ဘယ်လို ရင်ဆိုင်ရဲမှာလဲ

"သားမဖြေနိုင်ဘူးလား "

"တောင်းပန်ပါတယ် မေမေ သား .... သားကိုကို့ ပေါ်မှာ အပစ်ကျူးလွန်မိပြီထင်တယ် ။တကယ်တော့ သားမရည်ရွယ်ပါဘူး သူတို့ မိသားစုကို သားတို့လို အဖြစ်မျိုး ဖြစ်အောင် ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ သားဇွဲလေးကိုလည်း ဒုတိယ မခ အဖြစ်မခံနိုင်ဘူး။ ဒါပေမယ့် မေမေရာ သား ကိုကို့ ကိုမြင်တိုင်းရူးသွားမလိုတောင် ခံစားရတယ် ။သား ဘာကိုမှ မရည်ရွယ်ပဲ ဒီအတိုင်း....ဒီအတိုင်းလေး ချစ်နေမိရုံပါ "

"ငယ်သွေးရယ်... "

ဆေးရုံအဆောင်ဘက် သွားတဲ့နေရာက လူရှင်းနေလို့သာ မခ ကလေးတစ်ယောက်လို အော်ငိုနေပုံအား မိခင်ဖြစ်သူသာ တွေ့ရသည်။ သူမထက် ခေါင်းတစ်လုံးမြင့်နေသော သားအား ပွေ့ဖက်လိုက်တော့ ငယ်ငယ်ကအတိုင်း ခေါင်းတိုးဝင်ကာ မှီလာသည်။

"ငယ်သွေးကို မေမေက အပြစ်တင်တာမဟုတ်ပါဘူး။ သား သေချာနားထောင်နော် ၊ သားက ဘာပဲ ဖြစ်ဖြစ်မေမေ့ရဲ့သားပဲ။ တလောကလုံးနဲ့ တစ်ယောက်ဖြစ်နေရင်တောင် ငယ်သွေးဘက်မှာ မေမေ တစ်ယောက်လုံးရှိနေသေးတယ် ။နောက်ပြီး သားအပြစ်မလုပ်ထားဘူးဆိုတာလည်း မေမေသိတယ် ။ အိမ်ထောင်ရှိပြီးသား ယောကျာ်းတစ်ယောက်ကို သားက သွားကြိုက်တာမှ မဟုတ်တာ ငယ်သွေး ငယ်ငယ်ကတည်းက ဘယ်သူကို မျှော်ကြည့်နေခဲ့တယ် ဆိုတာ မေမေ မသိဘဲ နေမလား"

အခုမှ အားကိုးရသော ကလေးငယ်လို မိုးမခနွယ်ရဲ့ ပုခုံးပေါ်က အင်္ကျီစ စိုရွဲသွားသည်အထိ ငိုနေသည်။ဒါတွေက သူမ အမှားလည်းမကင်း။အရွယ်နဲ့ မလိုက်အောင် အထီးကျန်နေတဲ့ ကလေးကို သူမ ပစ်ထားခဲ့မိတာ ။ သံယောဇဉ် တွယ်စရာ ဘေးနားအမြဲ ရှိနေခဲ့တဲ့ လူသားကို စွဲလမ်းသွားတာက အပြစ်ဆိုလို့မှ မရဘဲလေ ။

ဟေမန်ခသော နွေWhere stories live. Discover now