တံခါးခေါက်လိုက်ချိန် လာဖွင့်ပေးပြီး ပေါ်လာတာက အပြုံးနဲ့ မျက်နှာငယ် တစ်ခု ...
"ဘာကျန်ခဲ့လို့ ... အာ အစ်ကိုနိုင်ထက် "
မင်းထင်နေတဲ့သူ မဟုတ်ပြန်ဘူးလား။
"ဘာစားပြီးပြီလဲ "
"ထမင်း "
"အင်း ငါခေါက်ဆွဲကြော်ဝယ်လာတယ် ညကျဆာတော့ ထက်စားပေါ့"
"အင်း "
ခေါက်ဆွဲကြော်ထုတ်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီး အုပ်ဆောင်းအောက်မှာ ထားလိုက်သည်။ဧည့်ခန်းကဆိုဖာမှာ ထိုင်ကာ TV ကြည့်နေသော မခ နားသွားလိုက်ပြီး
"မခ ငါ့နောက်ကျောကို တစ်ချက်လောက် ကြည့်ပေးစမ်းပါ အရမ်း ယားပြီး စပ်နေလို့"
"ဘာဖြစ်တာလဲ "
"မသိဘူး ပွဲက ဝတ်စုံ ခြုံလိုက်တာနဲ့ဖြစ်တာပဲ "
နောက်ကျောပေးကာ အင်္ကျီ မ လိုက်တော့ 'ဟာ ' ဆိုပြီး ရေရွတ်လိုက်တဲ့ မခ အသံကြောင့် သူ့နောက်ကျောက တော်တော် ဆိုးနေပြီထင်သည်။
"ဘယ်လိုဖြစ်တာလဲ ... သွေးစို့ပြီး အဆင်းရာတွေချည်းပဲ ခင်ဗျား ကုတ်ထားတာလား ""အင်း မနေနိုင်လို့ "
"ခဏလေး ရေဝတ်နဲ့ အရင် သုတ်ရအောင် "
အခန်းထဲဝင်သွားပြီး ခဏ အကြာရေဇလုံတစ်ခုနဲ့ တဘက်တစ်ထည်ယူလာသည်။ထို့နောက် ရေစိုအဝတ်နဲ့ နောက်ကျောကို သုတ်ပေးတော့ အနည်းငယ်သက်သာလာသည် ။စောစောကလောက် ယားမနေတော့ပေ။
"အစ်ကိုနိုင်ထက် "
"အင်း "
"ဒီပုံစံက လုံးဝ sexy ကျတယ် "
"ဟမ် "
"ဓာတ်ပုံ ရိုက်မလား"
သူ့ဓာတ်ပုံတွေအတွက် မခကို ရွေးချယ်ခဲ့တာ မှားသော အရာမဟုတ် ။ ဒီလို မြင်တတ်တဲ့ သူ့ပင်ကိုယ်ဗီဇမှာကိုက အနုပညာပါနေသလား မပြောတတ်ပေ။ခုတင်ပေါ်က အိပ်ယာခင်းကို မီးခိုးရောင်လဲလိုက်ပြီး နိုင်ထက်ကို ထိုခုတင်ပေါ်မှာ လှဲစေသည်။ချိန်လိုက်တဲ့ colour အရောင်က မှိုင်းညို့ညို့ အရောင်မို့ ထွက်လာတဲ့ ပုံတိုင်းက လုံးဝ Dark Side ပဲ ။
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...