Ep -34 (Unicode)

8.3K 1K 31
                                    

ရှင်ငြိမ်းရဲ့ အိမ်ကို ရောက်တော့ သားဇွဲ က မနက်စာ စားနေပြီး မခကို မြင်တာနဲ့ ထကာ သူ့အမေရင်ခွင်ထဲ တိုးသွားသည်။

"မခအလည်လာတာလား၊ လာ လာ မုန့်တခါတည်းဝင်စား"

"ငါအစ်ကိုနိုင်ထက် နဲ့ စားခဲ့ပြီ "

"ဟုတ်လား အဲ့ဒါဆို ထိုင်အုံးနော် သားကို မုန့်ကျွေးလိုက်အုံး အအေးသောက်မလား"

"နေပါရှင်ငြိမ်းရာ ငါ့ကို အထူးဧည့်သည်ကြီးလို လုပ်မနေပါနဲ့ ငါသားဇွဲနဲ့ ဆော့ချင်လို့ လာတာ "

ထိုအခါမှ ဖင်တကြွကြွနဲ့ ဘာလုပ်ပေးရမလဲ ပြင်နေသော ရှင်ငြိမ်းက ထိုင်ကာ ကလေးကိုပဲ မုန့်ကျွေးနေသည်။သားဇွဲက တော့ သူ့အမေ ရင်ခွင်ထဲကနေ မသိမသာလေး ကျွန်တော့်ကိုလှမ်းလှမ်းကြည့်တာ ကြောင့် ပြုံးပြလိုက်တော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေသည် ။ မနေ့ညက သူ့ကို တော်တော်လန့်သွားတာဖြစ်မယ်။

"သားလေး ဦးဦးနဲ့ဆော့နေနော် မေမေက ဈေးဝယ်စရာလေးရှိသေးလို့ ဖေဖေနဲ့ မြို့ထဲ ခဏသွားအုံးမယ် "

ကလေးက ခေါင်းငြိမ့်ကာ ရှင်ငြိမ်းပေါ်ကဆင်းလာပြီး ကျွန်တော့်ဆီ တရွေ့ရွေ့တိုးလာသည်။ ပြုံးကာ ပွေ့ချီလိုက်ပြီး ပေါင်ပေါ် တင်ထားတော့ စားပွဲပေါ်က coffee ပန်းကန်ကို ဇွန်းလေးနဲ့ ခပ်သောက်နေသည်။

"လိမ္မာလိုက်တာ ဦးဦးနဲ့နေနော်"

"ဟုတ် "

"ဒါနဲ့ ကို ... အစ်ကိုသောမာန်က ကျူရှင်မရှိဘူးလား"

"ဟုတ်တယ် ဒီနေ့နားတယ်လေ အဲ့ဒါ ငါရောင်းစရာပစ္စည်းတွေ ကုန်နေတာနဲ့ လိုက်ပို့ခိုင်းမလို့၊နင်လိုက်ခဲ့မလား"

"မလိုက်တော့ဘူး သားနဲ့ အိမ်မှာပဲ နေခဲ့မယ် "

"အေးအေး နင်လိုတာ ရှိရင် ကလျာကို ခိုင်းလိုက်၊ ထမင်းရော ချက်ထားတယ် ညနေကျမှ ပြန်နော်"

"အေးပါ "

လှေကားပေါ်ကနေ ဆင်းလာတဲ့ မာန်က သူ့ကို မြင်တော့ အံ့ဩသွားဟန် ။ အနည်းငယ်မို့ဖောင်းနေတဲ့ မျက်ဝန်းတွေနဲ့ မျက်နှာကလည်း သိပ်မလန်း ။ သို့သော် ရှပ်အင်္ကျီ အညိုကွက်လေးနဲ့ ပုဆိုးအနက်အကွက်စပ်လေးဖြင့် ရိုးရှင်းစွာ ခန့်ညားနေသည်။

ဟေမန်ခသော နွေWhere stories live. Discover now