Ep-13(Unicode)

9.9K 1.3K 34
                                    


သန်းခေါင်းယံ ဆိုသော်လည်း တိတ်ဆိတ်မှု့တို့ ကင်းမဲ့စေရန် ကောင်းကင်တစ်ခွင်မှ မာန်ဖီကြိမ်းမောင်း လေသော မိုးသားစိုင်များက အချင်းချင်းတိုက်ခိုက်နေကြသည်။ ပြိုးပြိုးပြက်ပြက် လင်းလတ်သွားတဲ့ လျှပ်စီးများဟာ မည်းမှောင်နေသော ကောင်းကင်ကြီးကို စိတ္တဇဆန်စွာ ထွန်းလင်းပေးနေ၏။ အနီရောင် လျှပ်စီးကြောင်းတွေဟာ သစ်ပင် အမြစ်များ ပမာ ဖြာခနဲ။

ရုတ်တရက် အခန်းထောင့်မှာပေါ်လာသော အရိပ်တစ်ခုကြောင့် အသံကုန်အော်ဟစ်လိုက်သော်လည်း ကူကယ်မယ့်လူ နတ္ထိ။ အကြောက်လန့်တကြား အနောက်ကို တိုးသွားရင်း အေးစက်စက်နံရံကိုသာ ကျောကပ်မိသည်။

"ဖွားဖွား မလုပ်ပါနဲ့ သားကမခလေ ။ဖွားဖွားရဲ မြေး နှိုင်းမခသွေးပါ "

အသိစိတ်လွတ်နေသော လူတစ်ယောက်ပမာ ပြန့်ကျဲနေသော ဆံပင်တွေကြားမှ မျက်လုံးများက ခြောက်ခြားစရာကောင်းနေသည်။ကျွန်တော်ပြောသံကို မကြားသလို ရှေ့ဆက်တိုးလာနေမြဲ။ လျှပ်စီးတွေကြားမှာ လက်ခနဲ့ ဖြစ်သွားတဲ့ အရာတစ်ခုက ဖွားဖွားလက်ထဲမှာ ကိုင်မြှောက်ထားပြီး အနားကို တစ်လှမ်းချင်းတိုးလာသည်။

"ဟင့်အင်း မလုပ်ပါနဲ့သားတောင်းပန်ပါတယ်"

တောင်းပန်သံတို့ မမှုဘဲ မိုးခြိမ်းသံကို လွှမ်းကာ တဟားဟား ရယ်နေပြီး ကျွန်တော့် ရင်ဘတ်သို့ ထိုးစိုက်ချလိုက်လေသည်။ဖျက်ခနဲ အသိစိတ်ပြန်ဝင်လာသလို စိုရွှဲနေတဲ့ ချွေးတွေကြောင့် အိပ်မက်ဆိုတာ သိလိုက်ရသည်။ သို့သော် ကြောက်စိတ်က မပြေ။ရင်တစ်ခုလုံးမောဟိုက်ကာ တုန်လှုပ်နေ၏။ ခေါင်းတွေမူးဝေလာပြီး အယောင်ယောင်အမှားမှားဖြင့် ရင်ဘတ်ပြင်မှာ သွေးစများရှိနေမလားဟု စမ်းနေမိသည်။

ထိုးကိုက်လာတဲ့ ခေါင်းတွေကြား လက်ကိုထည့်ကာ ဆုပ်ကိုင်လိုက်တော့ ဦးရေဖျားတွေပါ ကြိမ်းစပ်သွားရသည်။ဒီဆံပင်တွေကို ဆွဲဆောင့် ခံထားရကြောင်း မေ့နေခဲ့တာ ။
အခန်းထဲမှ မီးအလင်း​ရောင် အနည်းငယ်ရှိနေသည်။ခုတင်ရဲ့ ခပ်လှမ်းလှမ်း စာကြည့်စားပွဲမှာ ထိုင်နေတဲ့ အရိပ်လေးတစ်ခု ။ ခဲသားဖောင်တိန်ကို လက်ညိုးနဲ့ လက်မ ကြားထည့်ကာ ကျန်လက်ချောင်းများဖြင့် နားထင်ကို ထောက်ကိုင်ထားသည်။ တခြားလက်တစ်ဖက်က စာအုပ်ထဲရှိ စာကြောင်းအတိုင်း လိုက်ကာ ရွေ့ရှားလျက်။ စာကြည့် မီးစလောင်းမှာ ကျွန်တော် ရှိရာဘက်တစ်ခြမ်းအား စာရွက်တစ်ခုနဲ့ ကာပေးထားခြင်းက မီးရောင်မစူးစေရန်ဖြစ်မည် ။

ဟေမန်ခသော နွေWhere stories live. Discover now