Ep-16 (Unicode)

10.1K 1.1K 44
                                    


ကိုယ်တိုင်ဝေဟင်မှာ လွှင့်မြောနေရတဲ့ ခံစားချက်အတိုင်း ကောင်းကင်ယံမှာရှိနေသော အနီရောင် စွန်ငယ်လေးကို မော့ကြည့်နေမိသည်။ တောင်စွယ်တွေ ကာရံထားတဲ့အလည်မှာ တိုက်ခတ်နေသော လေပြည်ညင်းက စွန်ငယ်လေးကို ဟိုဘက်၊ ဒီဘက် ယိမ်းကာ ရွေ့လျားစေသည်။လေတစ်ချက် ငြိမ်တာနဲ့ အနည်းငယ်စိုက်ကျလာသောကြောင့် လေး၊ငါးချက်လောက် အမြန်ရစ်ချလိုက်ပြီးမှ အသာပြန်လျော့တဲ့ သူ့လက်ချောင်းလေးတွေ။ဘီးလုံးကိုင်ပုံက အထာကျသလို ညင်သာသည်။ဖြောင့်မတ်နေသော ကိုယ်ခန္ဓာနဲ့ စွန်ငယ်ကို မော့ကြည့်နေသော လည်တိုင်ကျော့ကျော့မှာ ထင်းနေသော လည်စလုတ်။ တတောင်ဆစ်ထိ ခေါက်တင်ထားသော လက်နှစ်ဖက်က မိုးသားနဲ့ ဆက်နွယ်ပေးသည့်ကြိုးတန်းရဲ့ပဲ့ကိုင်ရှင်ဖြစ်သည်။ကျူရှင်ဆရာ တစ်ယောက်ဖြစ်သော ကိုကိုက တည်ငြိမ်မူနဲ့ခန့်ညားနေ၏။

ကျွန်တော်ရဲ့ စိတ်အစဉ်တို့ စွန်ငယ်မှာ ရှိမနေတော့။အကြည့်မလွှဲစေနိုင်သော ဖမ်းစားမှုအမူအယာအားလုံးရဲ့ အရှင်သခင်ဆီမှာ အမြင်အာရုံတို့ ခစားဝင်ရောက်လျက်။ ပြီးပြည့်စုံခြင်းဆိုတဲ့ အရာက ထိုလူသားကို မြင်တိုင်း ဖြစ်ပေါ်စေသည်။

ကြည့်နေရင်း ထိစပ်လုနီးပါးရှိနေသော မျက်ခုံးနှစ်သွယ်က တွန့်ချိုးလာပြီး လက်ထဲက ဘီးလုံးကို အမြန်ရစ်ချနေသည်။စွန်ရှိရာကိုမော့ကြည့်လိုက်တော့ လွှတ်တဲ့လူကိုမမြင်ရသော်လည်း တရွေ့ရွေ့နီးလာတဲ့ နောက်ထက်အပြာရောင် စွန်ငယ်လေးတစ်ခု။လေအဝေ့မှာ ခပ်ကြမ်းကြမ်းယိမ်းနွဲ့နေတာက စိန်ခေါ်မူတစ်မျိုးဖြစ်သည်။ နိုမ့်ဆင်းလာသော စွန်ငယ်ကို မာန်မပြေသည့်ဟန် အတင်းလိုက်ကပ်နေသော်လည်း မတိုက်ခိုက်ပါဘဲ ကောင်းကင်မှာသာ တစ်ဦးတည်း နေရာရရှိသွားသည်။

"ဘာလို့ ပြန်သိမ်းတာလည်း ကိုကိုရ။ ဟိုဘ​က်က စိန်ခေါ်နေတုန်း ညှိရမှာလေ"

ဘီးလုံးနဲ့ သွယ်ထားဆဲ စွန်ငယ်ကို မြက်ခင်းစိမ်းပေါ်ချ ပြီး ထိုင်လိုက်တာကြောင့် မခလည်းဘေးက ဝင်ထိုင်သည်။မျက်နှာချင်းဆိုင်မှာရှိတဲ့ ရေတံခွန်ငယ်ဆီမှ ရေကျသံနဲ့အတူ ကျေးငှက်အော်သံလေးတွေက မြို့ပြနဲ့ဝေးနေကြောင်းကို ဖော်ဆောင်သည် ။လမ်းမဘက်ခြမ်းက တောင်ရံနဲ့ ကွယ်နေတာကြောင့် လူသူမရှိတဲ့ သီးသန့်ကမ္ဘာထဲ ရောက်နေသလို ခံစားမိသည်။ လွမ်းမောဖွယ်ကောင်းသော်လည်း ဘေးမှာရှိနေသော ကိုကိုကြောင့် အထီးကျန်ခြင်းတော့ ကင်းမဲ့လေရဲ့။

ဟေမန်ခသော နွေWhere stories live. Discover now