နှဖူးပေါ်ကဆံပင်ကို သပ်တင်ပေးလိုက်သော လက်ချောင်းလေးတွေရဲ့အထိတွေ့ကို ခံစားမိပြီးနောက် နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံရဲ့ အကြင်နာအနမ်းကျရောက်လာသည်။
သို့သော် မခ မျက်လုံးတို့ မဖွင့်နိုင်၊လက်ကို လေထဲမှာ မြောက်ကာလှမ်းစမ်းကြည့်တော့ ဆွဲယူပြီး သူ့၏ ပါးပြင်ထံ ထိကပ်ပေးသည် ။အိပ်စက်မှုနောက်ကျ ခြင်းအကြောင်းကို တွေးပြီးပြုံးမိလေတော့ ကလေးငယ်ချော့သလို ဆိုလာတဲ့ သူ့အသံ ခပ်ဩဩဟာနားဝင်ချိုလေသည်။
"ဆက်အိပ်အုံးငယ် .... ကိုယ်မနက်စာပြင်ထားပေးမယ် "
"အင်း "
အသံတစ်ချက်ပြုကာ ခြုံပေးထားတဲ့စောင်ကို ကန်လိုက်ပြီး ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ဆက်အိပ်သည်။ အကြောဆန့်တိုးဝှေ့နေရင်း ဖြောင်းခနဲ မြည်သံတစ်ခုနဲ့အတူ တင်ပါးနှစ်ဖက်လုံး ပူထူသွားတာကြောင့် မှေးစင်းနေတဲ့ မျက်ဝန်းတို့ပါ ပြူးကျယ်လာသည်။ခပ်လွင်လွင်ရယ်သံပြု လျက် တံခါးအပြင်ပြေးထွက်သွားသော မာန်ကြောင့် မခ မှာ စွံအ၍ ကျန်နေခဲ့လေသည်။
ဒီအစ်ကို ဘယ်လိုတွေတောင် အူမြူးနေရပါလိမ့်။ပြောလို့သာ ပြောတာ ကိုယ်တိုင်လည်း ဟိုးအရင်က အတူရှိခဲ့စဉ်ထက် အခုတဖန် ပြန်လည်ပိုင်ဆိုင်ခွင့်ရတာက ပိုလို့ ကြည်နူးပြီးရင်ထဲ တသိမ့်သိ့မ်နဲ့ကို စီးဝင်နေတာ။
ကြာပါတယ်ဗျာ ပြောရင်းဆိုရင်း မျက်နှာလေးကိုလွမ်းလာပြီ ။အိပ်ယာကနေ ထလိုက်ပြီး မျက်နှာသစ် သွားတိုက်ကာ ညဝတ်အင်္ကျီအတိုင်း မီးဖိုချောင်ဘက် ထွက်လာလိုက်သည်။ အရှေ့မှာ ကြက်ဥနဲ့ပေါင်မုန့်ကြော်နေသော ကိုကိုအနောက်ကနေ မခကို ရိုက်သွားတဲ့နေရာ အတိုင်း ပြန်ပင့်ကာ ရိုက်လိုက်တော့ 'အား' ဆိုပြီးအော်ကာ မခ ခေါင်းပါ ပူထူသွားသည်။
သောမာန်ရဲ့ တင်ပါးကို မခက ပြန်ရိုက်လိုက်တာကြောင့်လန့်ပြီး လက်ထဲက ဇွန်းရှည်နဲ့ ခေါက်လိုက်တဲ့အခါ ခေါင်းကို ကိုင်ထားပြီးငုံ့ချလိုက်မှ ပျာယာခတ်သွားသည်။
"ငယ် တော်တော်နာသွားလား ကိုယ့်ကို ပြ"
"အီးယား!! သေပါပြီ "
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...