Ep-15(Unicode)

10.3K 1.2K 28
                                    


"ဒီပုစ္ဆာနဲ့ ပုံစံတူတဲ့ မေးခွန်းဟောင်း ဆယ်ပုဒ်ကို အရင်တွက် ။ ပြီးတော့ အဖြေတိုက်မယ် ။ အနောက်က အဖြေကို လှန်မကြည့်နဲ့နော် မခ "

ဥပမာ တစ်ပုဒ်ကို တွက်ပြပြီးသည်နှင့် မျက်စိရှေ့မှာ လက်လေးလုံးလောက်ရှိသော မေးခွန်းဟောင်းစာအုပ်ကို ချကာ နောက်ထပ်ဆယ်ပုဒ်တွက်ခိုင်းသည်။
သင်္ချာ တွက်ရတဲ့ အချိန်က ကျွန်တော့်ဖို့ အပျင်းဆုံးနဲ့ အအိပ်ငိုက်ဆုံးအချိန်ဖြစ်သည်။ကိုကိုက အကြောင်းသိတာမို့ တဖက်မှာစိတ်ဝင်တစားတွက်နေပြီဖြစ်တဲ့ ရှင်ငြိမ်း ထက် ရှုံ့မဲ့နေသော ကျွန်တော့်ကို သာ သေချာစောင့်ကြည့်နေသည်။ အခုထိ မေးခွန်းကို နားလည်အောင်ပင် မဖတ်နိုင်သေး။ ကိုကိုနဲ့ ရှင်ငြိမ်းက သင်္ချာကို စိတ်ဝင်စားသလောက် ကျွန်တော်နဲ့ အစ်ကိုဘုန်းမြတ်ကတော့ ဘက်တော်သားချင်းတူသည်။ ကျွန်တော် ခုနှစ်တန်းနှစ်တုန်းက ထိုဘာသာနဲ့ ပတ်သတ်ပြီးအမြဲ အရိုက်ခံနေရသော အစ်ကိုဘုန်းမြတ်အသံက အိမ်ဘက်ကနေတောင် အမြဲကြားနေခဲ့တာ။ အခုတော့ သူက နောက်ဆုံးနှစ် မြန်မာစာပင် ရောက်နေပြီ ။

ဆယ်တန်းတက်ရတော့မယ့် ရှင်ငြိမ်းနဲ့ ကျွန်တော့်ကို ကိုးတန်းဖြေပြီးနွေရာသီကျောင်းပိတ်တာနဲ့ ကိုကိုက Guide ပြပေးခဲ့သည်။တခြားအချိန်မှာ စနောက်ပြီး ပြန်ပြောရဲသော်လည်း စာသင်နေချိန်တော့ ကိုကို့ကို တကယ်ကြောက်ရသည်။ကျန်တာစိတ်ရှည်သလောက် စာသင်တဲ့အခါ လက်က အရင်လာပြီး ခေါင်းကို ပူထူနေအောင် ခေါက်တတ်သည်။

"အစ်ကိုမာန် ဒီအပုဒ်က ဘယ်လိုတွက်တာရတာလဲ ဟင်"

ကျွန်တော့်အား အပြစ်သားတစ်ယောက်လို စောင့်ကြည့်နေသော ကိုကိုက ရှင်ငြိမ်းအသံကြောင့် တခြားတစ်ဖက်ကို လှည့်သွားသည်။ ထိုအခါမှ သူအသက်ရှူချောင်တော့သည် ။
တွက်ခိုင်းထားတဲ့ အရှေ့က မေးခွန်းတွေကို မသိချင်ယောင်ဆောင်ပြီး ရှင်ငြိမ်းစာအုပ်ကို ယူကြည့်နေတဲ့ ကိုကိုအတိုင်း ခေါင်းစောင်းကာလိုက်ကြည့်နေသည်။ရှင်ငြိမ်းတွက်ပြီး သားအပေါ်ကပုဒ်ကို ကူးချချင်ပေမယ့် ကိုကိုက အလယ်ကနေ လက်နဲ့အုပ်ထားတာကြောင့် မမြင်ရ။

ဟေမန်ခသော နွေWhere stories live. Discover now