Ep-11(Unicode)

9.9K 1.2K 12
                                    


ရက်၊လ၊နှစ်တွေကူးပြောင်းသော်လည်း မကျေနပ်ချက်တို့ စိတ်ဖြေရာ အရုပ်က ထိလို့မရဘဲဖြစ်နေသည်။ ၂၄နာရီနီးပါး မျက်ခြေမပြတ်ရှိနေသော ဘေးကနှစ်ကောင်က စိတ်ရှုပ်စရာအလွန်ကောင်းသည်။ သို့သော် အမြဲတမ်းတော့ ဒီပုံစံအတိုင်းမသွား ။ တစ်နေ့နေ့ဆိုတာတော့ရှိစမြဲပါ ။ ၁၀တန်းပြီးသွားတဲ့ ဘုန်းမြတ်ကြောင့် ဒီကောင်လေးဘေးနားမှာရှိနေတာ သောမာန်တစ်ယောက်သာဖြစ်သည်။ ယနေ့က နိုင်ထက် စောင့်နေသော တစ်နေ့နေ့ ဆိုတာမျိုး ဖြစ်လာမယ့်အချိန်အခါ ။

သားကောင်ကို ချောင်းနေသော နိုင်ထက်ဖို့ စံပြကျောင်းသားဆိုတဲ့ ဂုဏ်က သိပ်အရေးမပါလှတော့။ ဆရာမသားဖြစ်တဲ့ သောမာန်ကပဲ ကျောင်းရဲ့ စာစီစာကုံး ပြိုင်ပွဲအတွက် အချိန်ပိုသင်ရန် ဖြစ်လာသည်။

အတန်းသားတွေ ပြန်သွားချိန် ထိုကောင်လေးရဲ့ အခန်းထိ သွားကြိုတတ်သော ဒီကောင်အကြောင်းသိတာမို့ ယနေ့ဖို့တော့ နိုင်ထက်အတွက် ရက်ရာဇာ ။ စာငုံ့ရေးနေသော အရှုပ်ကောင်ကို တစ်ချက်သာ လှမ်းကြည့်ပြီး တက်ကြွနေသော ခြေလှမ်းများဖြင့် ၈တန်း အဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

နည်းငယ် စိတ်ပျော်ရွှင်နေသည်။ကိုယ့်လက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်တော့မယ့်သူ့ပုံစံအား မြင်ယောင်မိပြီး ပြုံးမိသည်။ အကောင်ငယ်ကို အမဲဖြတ်တော့မယ် သားရဲ တစ်ကောင်ပမာ။ကျောင်းသား၊ ကျောင်းသူများ ဆင်းလာတဲ့ လှေကားထိပ်ကနေ လူရှင်းတဲ့အထိ စောင့်နေချိန် ညီမ ဖြစ်သူရှင်ငြိမ်းနဲ့တွေ့ရပြီး သူ့မဘေးနားမှာ ကလျာပါရှိသည်။ ဘယ်သောခါမှ လာမကြိုဖူးတဲ့ အစ်ကိုက သူမ အတန်းဆောင်အောက်မှာ တွေ့လိုက်ရတော့ ဝမ်းသာ သွားဟန်ဖြင့် ကိုယ့်လက်ကို တွဲကာ ပြန်ရန် ပြင်သည်။

သို့သော် ဦးတည်ချက်က ထိုသို့မဟုတ်။ အိမ်ကို အရင်ပြန်နှင့်ရန် တိုတိုနဲ့ လိုရင်းသာ ဆိုပြီး စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာကို ကျောခိုင်းလိုက်သည်။ ဘာမှ အတွန့်တက်ခြင်းမရှိဘဲ ဒီအတိုင်းပြန်သွားသော ရှင်ငြိမ်းက အထူးတလည် ချော့မော့နေစရာမလိုသည့် ညီမဖြစ်သည်။
အခန်းပေါက်ဝကနေ လူရှင်းတဲ့အထိ စောင့်နေသော်လည်း စာအုပ်ရှေ့ချ ပြီး အကြည့်မလွှဲသော ကောင်လေးကတော့ သူ့ကိုမြင်ဟန်မပေါ်။ သူ့ထက် လူကောင်ခပ်ထွားထွား ကျောင်းသား တစ်ယောက်က အခန်းသော့ပေးကာ ထွက်သွားသည်။ လူတွေရှင်းသွားပြီး သူတစ်ယောက်တည်းကျန်နေတဲ့အထိ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ထိုင်နေတာက ဟိုကောင် နောက်ကျမယ်ဆိုတာ ကြိုသိထား ခြင်းဖြစ်လောက်သည်။အပေါ်ထပ် စာသင်ဆောင် ကြမ်းခင်းကို အသံမြည်အောင် သေချာ လျှောက်လိုက်တော့ စာအုပ်ထံမှ မျက်လုံးတို့ ရွေ့လျားကာ ကြည့်လာသည်။ အံ့ဩသွားတဲ့ အမူအယာမှာ နှုတ်ခမ်းပါးတို့ပါ ပွင့်ဟလို့။ကိုယ့်ကို မလိုလားသလို ဝေးဝေးရှောင်ပြီး မတွေ့ချင်သော လူတစ်ယောက်ကဲ့သို့ ပုံစံက သိသာသည်။

ဟေမန်ခသော နွေWhere stories live. Discover now