Ep-40(Unicode)

8.8K 1K 74
                                    

တက်သွားတဲ့အချိန်တုန်းကနေသာပေမယ့် တဖြည်းဖြည်းမှိုင်းညို့လာသော တောင်ရံထက်မှာ မိုးတိမ်များနှင့် အေးချမ်းလျှက်ရှိသည်။မလှမ်းမကမ်းမှ ရပ်ကြည့်နေဆဲ ပျိုမေလေးများကို ကြည့်ပြီး မခ ဒီအတိုင်းမသိချင် ယောင်ဆောင်ပြီးမနေနိုင်တော့။ မော်ဒယ်ဖြစ်တဲ့သူလို အကြည့်ခံရတာ အိုးတိုးအမ်းတမ်းမဖြစ်အောင် ပဲများမနေတတ်တာဆိုမှန်မည်။

"အစ်ကိုနိုင်ထက် ခင်ဗျား သူတို့လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ပေးလိုက်ပါလား "

"မင်းက ရိုက်စေချင်တာလား"

"အင်း ရပ်ကြည့်နေတာ တော်တော်ကြာပြီ ခင်ဗျားကို မပြောရဲလို့နေမှာ"

"ဟုတ်ပါပြီ မင်းရိုက်စေချင်ရင် ကိုယ်ရိုက်ပေးလိုက်မယ်"

လက်နှစ်ဖက်ကို နောက်ပြန်ထောက်ပြီး ပြီတီတီမျက်နှာပေးက တခြားသူအတွက် ရင်ခုန်စေမှာ မှန်သော်လည်း မခဆိုတာ နိုင်ထက်ဖို့တော့ ဘယ်လိုမှ ကလိလို့မရတဲ့အရာ

"ခင်ဗျားတောင်ပေါ်ကနေ မိုက်ကယ်ဂျက်စင် အကနဲ့ ပြုတ်ကျချင်လား"

"သွားပြီ သွားပြီ အခုသွားလိုက်ပါ့မယ် "

မတ်တတ်တန်းထကာ ခပ်သုတ်သုတ်ပြေးသွားသော နိုင်ထက်အား ရယ်ကာ လှမ်းကြည့်နေရင်း မီးဝန်းဝန်းတောက်နေသလားထင်ရတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသော ဒေါ်ယဉ်ငြိမ်းမေကြောင့် အမြန်အကြည့်လွှဲလိုက်ရသည်။

အရင် ဆင်းသွားနှင်ရင်ကောင်းမလား။

ထိုအချိန် အိတ်ကပ်ထဲက ဖုန်းသံကြောင့် ထုတ်ကြည့်လိုက်တော့ မေမေဆီက

"Hello မေမေ"

"သားအခု အလုပ်မှာလား"

"မဟုတ်ဘူး သား သူငယ်ချင်းတစ်ယောက်ရဲ့အလှူကို လိုက်သွားတာ ။ ဘာဖြစ်လို့လဲမေမေ"

"မေမေ သားဆီပြန်ရောက်နေတာ တိုက်ခန်းက တံခါးပိတ်ထားလို့"

"တကယ် ? မေမေတကယ်သားဆီရောက်နေတာလား"

"Hello ... သား လိုင်းမကောင်းဘူး သားဘက်က အသံဝါးနေတယ် "

"ခဏခဏ မေမေ သားနေရာပြောင်းကြည့်လိုက်အုံးမယ် "

ဟေမန်ခသော နွေWhere stories live. Discover now