Ep - 29 (Unicode)

8.2K 1K 90
                                    

လေယာဉ်ကွင်းရောက်တော့ ပိုလို့ ပျက်ယွင်းတဲ့ မျက်နှာက ဟိုးအရင်နှစ်က အရာရာကြောက်လန့်နေသော ကောင်လေးပုံစံအား နိုင်ထက်မျက်လုံးထဲ ပြန်လည်မြင်ယောင်လာသည်။ဒီကြားထဲနှစ်တွေမှာ အနာကျက်လောက်ပြီလို့ ထင်သော်လည်း မိုးရေထဲက တစ်ညလုံးထိုင်နေခဲ့သော မခက အခုတစ်ဖန် ပြောင်းလဲခြင်းမရှိ။ အသည်းကွဲတာ ပြန်ဆက်ဖို့ အချိန်ဘယ်လောက် ကြာတတ်ကြသလဲ ။

"ငါမင်းကို ပြောသားပဲ လိုက်မလာပါနဲ့ဆို"

ဘေးနား ငဲ့ကြည့်ကာ ပြောတော့ ပြိုတော့မယ့် မိုးတိမ်တွေကို ပိုင်ဆိုင်ထားတဲ့ မျက်ဝန်းက အဝေးတစ်နေရာကိုသာ နစ်နဲစွာ ကြည့်ရှု့နေသည်။နိုင်ထက် လိုက်ကြည့်လိုက်တော့ ဖခင်ဖြစ်သူက ကလေးလေးတစ်ယောက်ကို ပွေ့ချီကာ ဘေးမှ အပြုံးတွေဝေဆာနေတဲ့ မိခင်ဖြစ်သူက တကယ့် ပျော်ရွှင်စရာမိသားစုလေး။

"ကျ... ကျွန်တော်သွားတော့မယ် အစ်ကိုနိုင်ထက် ပြန်နှင့်လိုက်တော့နော် နောက်မှ Taxi နဲ့ ကျွန်တော်ဘာသာ ပြန်လိုက်တော့မယ် "

"ဟေး နေအုံးလေ မခ "

နိုင်ထက် တားချိန်တောင် မရလိုက် ချက်ချင်း ရှောင်ထွက်သွားတဲ့ ကျောပြင်လေးက လူအုပ်ကြားထဲမှာ ပျောက်ကွယ်သွားသည်။သက်ပြင်းချရင်း သူ့အတွက် စိတ်ထဲမကောင်း။ကိုယ်ပါထပ်တူ နာကျင်နေရသလိုပါပဲ။

"ဦးဦးသျှား"

အသံသေးသေးလေး တစ်ခုက ဆူညံ့နေသော လေဆိပ်ကနေ ရှင်းလင်းစွာထွက်ပေါ်လာသည်။ သောမာန်လက်ထဲကနေ သူ့ကို လက်လှမ်းပြနေသော ပထမဆုံး အပြင်မှာ တွေ့ဖူးတဲ့တူလေး။ အနားရောက်လာတော့ ညီမဖြစ်သူကို ပွေ့ဖက်လိုက်ပြီး တူလေးရဲ့ ပါးလေးနှစ်ဖက်အား လိမ်ဆွဲလိုက်တော့ တခစ်ခစ် အသံလေးများထွက်ကာ သဘောကျနေလေသည် ။ သောမာန်မျက်ခွက်ကတော့ ချဉ်စရာကောင်းလောက်အောင် ရေခဲရိုက်ထားတဲ့ အခွက်နဲ့ နည်းနည်းလေးမှ မပြုံး။

သူကလည်း ပြုံးပြဖို့အစီစဉ်မရှိ။ သောမာန်လက်ထဲက ကလေးကိုသာ ပြုံးပြီးနှုတ်ဆက်နေလိုက်သည်။

"သားသားက ဦးသျှားကို သိတယ်လား"

"သိတာပေါ့ ၊ ဇွဲလေးက ကိုလေးရဲ့ Big Fan ကြီးလေ၊နေ့တိုင်း ကိုယ်လေးပုံတွေပဲ ကြည့်နေတတ်တာ "

ဟေမန်ခသော နွေWhere stories live. Discover now