အေးစက်စက်ကော်ပြားပေါ် ခြေထောက်ချလိုက်သည်နှင့် ကျောရိုးတစ်လျှောက်လုံးကြောက်စိတ်နဲ့ အတူ ချမ်းစိမ့်သွားရသည်။ တိုက်အိမ်၃ထပ်စာလောက်မြင့်သော ရေကစားကွင်းက လျှောထိပ်မှာ ထိုင်နေချိန် အောက်ကို သေချာလှမ်းမကြည့်ရဲ။ ရေကန်အကျယ်ကြီးထဲမှာ ကူးခတ်နေကြတဲ့ လူတွေက ဝိုးတိုးဝါးတားသာ ။
နားထင်ကနေ တတောက်တောက်ကျနေတာက ရေစက်လားချွေးစက်လားဆိုတာ မသဲကွဲနိုင်ခင် အနောက်က တွန်းချလိုက်သော ရေကစားကွင်းစောင့်က လူကြီးကြောင့် အသံကုန်အော်ဟစ် လိုက်မိသည် ။ ကမြင်းကြောထပြီး စီးချင်တုန်းက ဒီလို အသည်းတအေးအေးနဲ့ ထိတ်လန့်ရမယ်လို့ မထင်ခဲ့တာ အမှန် ။လျောအရှိန်က ပြင်းတယ်မပြင်းတယ်မသိ လျောအဖျားအောက်ခြေမရောက်ဘဲ ရေကန်ရဲ့ အလယ်လောက်ထိကို ခြေကားယားလက်ကာနှင့် လွင့်ပါသွားသည် ။ ရင်ဘက်လောက်သာရှိပေမယ့် အရှိန်နဲ့ ကျတာရော လန့်တာရောပေါင်းပြီးခြေထောက်က ဘယ်လိုမှ ထောက်မရဘဲ ရေကန်ထဲမှာသာ ရုန်းကန်မိသည်။
ရေမွန်းလာတာကြောင့် လက်က တွေ့ရာကိုသာ ကုတ်တွယ်ချိတ်လိုက်ပြီး အပေါ်ကို ပြန်တက်လိုက်သည်။ ချောင်းတဟွတ်ဟွတ်ဆိုးရင်း မျက်နှာက ရေကိုသပ်ပြီး အမြင်အာရုံပြန်ရအောင် လုပ်လိုက်သည် ။ ထိုအချိန် နီးကပ်နေတဲ့ မျက်နှာပြင်ဟာ အလိုမကျမှု့တို့ပြည့်နှက်လျှက် ခပ်စူးစူးစိုက်ကြည့်နေသည့်လူတစ်ယောက် ။ ရေစိုနေသော မျက်တောင်တွေကာရံထားတာက နေအလင်းရောင်နဲ့ အပြိုင်တောက်ပနေတဲ့ အညိုရောင် မျက်ဝန်းတွေ။စင်းဖြောင့်နေတဲ့ နှာတံကို အနားသပ် ပိရိစေတာက ခပ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါး။သွေးအနည်းငယ်စို့နေတဲ့ နားထင်ကို စည်းနှောင်ထားသော ပတ်တီးက တမင်တကာ စတိုင်လုပ်ထားဟန် ။
ဖက်တွယ်မိထားတာက ဝင်းမွတ်နေတဲ့သူ့ရင်ညွှန့် ညှပ်ရိုးပြင်ကို လက်သည်းရာ အစင်းကြောင်း ထင်တဲ့အထိပင်။ဆက်ပြီးဆိုးမယ့် ချောင်းတောင် လည်ချောင်းထဲ အတောင့်လိုက်ပြန်ဝင်သွားသည်။ ခွတက်ထားတဲ့ သူ့ခါးပေါ်ကခြေထောက်တို့ကို ဖယ်ခွာဖို့ လုပ်ချိန် ကျစ် ခနဲ စုတ်သတ်သံနဲ့အတူ ကျွန်တော့် ရင်ဘတ်ကို စောင့်တွန်းလိုက်တာကြောင့် ရေထဲ ပြန်ကျသွားပြန်သည်။
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...