Ep -36 (Unicode)

8.3K 1K 51
                                    


စင်ရဲ့ တစ်ဝက်လောက် အရောက်မှာ လက်သီးဆုပ်ထားတဲ့ ပုံစံအား လှမ်းမြင်လိုက်ရတာကြောင့် လမင်းမောင် ပြုံးနေမိသည်။ဘာမှ သိပ်မလုပ်လိုက်ပါဘူး အဲ့ဒီ ဝတ်ရုံပေါ် ခွေးလွေးယားသီး အမှုန့် နည်းနည်း ဖြူးပေးလိုက်ရုံပါ ။

ပြုံးစိစိ မျက်နှာက ထိန်းမထားနိုင်တော့တာမို့ နားနေခန်းဆီ အမြန် လျှောက်လာလိုက်ပြီး အော်ရယ်ဖို့ တွေးမိသည်။ ဒီနေ့ ယုက တခြားပွဲတစ်ခုမှာ ဦးစီးရမှာ မို့ ရှိမနေပါ ။ ယုသာရှိနေရင် နှစ်ယောက်သား လက်ဝါးချင်းရိုက်ပြီး အပျော်ကြီးပျော်နေရမှာ အမှန်ပဲ ။ အခုတော့ တစ်ယောက်တည်း ရယ်ရတော့မယ်ဟု တွေးကာ အခန်းဆီ ပြန်လာသည်။အခန်းထဲ ရောက်တော့ ကြိတ်ရယ်ရတာများတော့ ဗိုက်တောင် အောင့်သည် ။သူ့ရဲ့ မရှုမလှမျက်နှာမြင်ရတာ ပျော်စရာကောင်းသား။

လမင်းမောင် အခန်းထဲကိုရောက်နေပြီး ခဏအကြာ အခန်းတံခါးကို ဝုန်းဒိုင်းဖွင့်ကာ ဝင်လာတဲ့ သျှား။ အပေါ် ဝတ်ရုံကို ဆွဲချွတ်ကာ ကြမ်းပြင်ပေါ် ပေါက်ချလိုက်ပြီး လမင်း အား ဒေါသတကြီး ကြည့်နေသည်။ အချိန်မရွေး ခုန်အုပ်တော့မယ့် သားရဲပမာ ။

"မင်း တော်တော်များသွားပြီ လမင်းမောင်! "

ခြေလှမ်းကြဲကြဲဖြင့် ရောက်ရှိလာသော သျှားက လမင်းရဲ့ လည်ပင်းကို ဆုပ်ကိုင်ကာ အနောက်က နံရံနဲ့ ပစ်ဆောင့်လိုက်သည်။အနည်းငယ် နာကျင်သွားသော နောက်ကျောနဲ့ ခေါင်းထဲပါ မူးသွားတာကြောင့် မျက်လုံးမှိတ်ထားမိသည် ။ ကလဲ့စားချေချင်လို့ ဒီလို လုပ်လိုက်တာဆိုပေမယ့် နိုင်ထက် အဲ့လောက်ထိ ဒေါသထွက်သွားမယ် မထင်ခဲ့ဘူး ။နောက်ပြီး ကိုယ့်ကိုယ်ကို ရင့်ကျက်ပြီး ဘာကိုမှ မကြောက်တော့ဘူးလို့ သတ္တိမွေးထားပေမယ့် အခုလို ဒေါသထွက်နေတဲ့ သျှားပုံစံက ဟိုးအရင် အချိန်တုန်းကလို တုန်လှုပ်စေတုန်းပဲ။

"ဘာလို့ ငါ့ကို ဒီလိုတွေ လုပ်နေတာလဲ ဟမ် ! ပြောစမ်း ! မင်းရည်ရွယ်ချက်က ဘာလဲ"
အင်္ကျီစနေ ဆွဲကာ အနောက်သို့ ပြန်လည် ဆောင့်လိုက်တာကြောင့် လမင်း အင့်ခနဲ တောင် အသံထွက်သွားမိသည် ။

ဟေမန်ခသော နွေWhere stories live. Discover now