Ep-26 (Unicode)

8.2K 1K 83
                                    



ဆိုင်ကနေ ပေးလိုက်တဲ့ လိပ်စာအတိုင်းလိုက်လာတော့ တိုက်ခန်းလေးတစ်ခုရှေ့ကို နိုင်ထက် ရောက်နေသည်။ မခ ဆိုင်ကို မလာတာ တစ်ပါတ်ကျော်ရှိပြီး အဆက်သွယ်လည်းမရဘူးလို့ ပြောတာကြောင့် သူအခုလို အိမ်အထိ လိုက်လာခြင်းပင် ။ ကျက်သရေတုံးကောင်နဲ့ တွေ့မှာစိုးလို့ အရင်ကခင်မင်​နေပေမယ့် အသစ်ပြောင်းရွေ့နေတဲ့ အိမ်ကို တခါမှ လိုက်မလာဖူးဘူး ။ ။ ပြောသာ ပြောတာ မမြင်ချင်လို့မရတော့ပြန်ဘူး ။ဒီနေ့တောင် လက်မှတ်ထိုးတော့မှာ။

တံခါးကို သုံးလေးချက်လောက်ဆင့်ခေါက်လိုက်တော့ ခဏ အကြာ တံခါးဆွဲဖွင့်ရင်း မြင်လိုက်ရတဲ့မျက်နှာပြင်က မျှော်လင့်ထားတဲ့သူ မဟုတ်သည့်ဟန် ငြိုးငယ်သွားသည်။

"အစ်ကိုနိုင်ထက် ဘာကိစ္စရှိလို့လဲ "

"မင်းသေပြီမှတ်လို့ "

အိမ်ထဲဝင်ပါလို့ မဖိတ်ခေါ်ပေမယ့် ငယ်ငယ်ကလို ပိန်သေးသေး ခန္ဓာကိုယ်ဖြစ်နေတဲ့ အိမ်ရှင်အား ပခုံးကိုတိုက်ကာ ဝင်လိုက်သည်။

"လခွမ်း ဒါ အိမ်လား ကြွက်သိုက်လားကွာ"

ခြောက်ဆွဲခြောက်ဗူးခွံတွေကြား ဘီယာပုလင်းတွေနဲ့အဝတ်တွေက ဧည့်ခန်းရဲ့ နေရာအနံ့ပြန့်ကြဲနေသည်။ခေါက်ဆွဲခြောက်ပန်းကန်တန်းလန်းတွေက ဘယ်နေ့ကတည်းက မဆေးရသေးတယ်မသိ။ ဆေးလိပ်တိုတွေလည်း ဟိုတစဒီစ အောက်က ကော်ဇောမှာပါ မီးပေါက်ရာတွေ နောက်နှစ်ရက်လောက်အထိ နိုင်ထက်များ လာမရှာခဲ့ရင် ဒီတိုက်ခန်းမီးလောင်သွားမလားပဲ။

ခေါင်းရမ်းကာ အနောက်မှာရပ်နေသော သူ့ကိုပြန်ကြည့်လိုက်တော့ ဖြစ်နေတဲ့ ပုံစံနဲ့ မခ ရုပ်က သိပ်တော့မခြားနား ။ နှုတ်ခမ်းမွှေးခပ်စိမ်းစိမ်းတွေနဲ့ဂုတ်ထောက်ဆံပင်က ဓားပြပေါက်စရုပ်ပေါက်နေသည်။

"အတူတူနေတယ် ပြောပြီး ဟိုကောင်က မရှင်းဘူးလားဒါတွေကို"

ထိုင်စရာနေရာ ရအောင် နည်းနည်းရှင်းလိုက်ပြီး ပြောတော့ အမှိုက်ပုံကြားကြမ်းပြင်မှာပဲ မခ ထိုင်ချကာ

"သူနဲ့ အဆက်သွယ်မရတာကြာပြီ"

"ဘာ ...? ဒါဆို ဒီနေ့ ဘာနေ့လဲဆိုတာရောမင်းမသိဘူးလား"

ဟေမန်ခသော နွေWhere stories live. Discover now