Ep -25 (Unicode)

8.5K 1.1K 96
                                    

တိမ်စိုင်တွေ အုံ့ဆိုင်းနေပြီး တောင်တွေရှိသောအရပ်ကို ပြန်လည်ရောက်ရှိရတဲ့ ခံစားချက်က တကယ်ကို ကြည်နူးဖွယ်။ကျယ်ပြန့်လှတဲ့ ကျောပြင်ကို ပါးအပ်ကာ ခါးကို တင်းကြပ်စွာ ဖက်ထားမိသည်။

မိုးအေးအေးမှာ ကိုကို့ကျောပြင်ဟာ နွေးထွေးမှုအပြည့်။ဆိုင်ကယ်နောက်ကထိုင်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ခေါင်းဆောင်းမှီကာ ကြည့်နေတဲ့ ကျွန်တော့် မျက်နှာမှာ အပြုံးတို့ဝေဆာနေသည်။ စိမ်းလန်းတဲ့တောတောင်လေးတွေ ပေါ်မှာ မြူခိုးများ ရစ်ဆိုင်းနေပြီး လူခြေတိတ်သော ဒီနေရာလေးဟာ ပထမဆုံး ဝန်ခံခြင်းဆိုသော ချစ်ခြင်းတို့ ပြည့်နှက်နေခဲ့သည်။

နာကျင်စရာအတိတ်တွေရှိခဲ့ပေမယ့် စွန်ငယ်လွှတ်ဖို့ သွားခဲ့တဲ့ အချိန်လေးတွေ၊ပထမဆုံးနမ်းရှိုက်ဖူးတဲ့ နှုတ်ခမ်းထက်က ရစ်မူးခြင်းတွေ ကိုသာ မနေ့တစ်နေ့က အဖြစ်ပျက်အဖြစ် ဦးနှောက်မှာ အပြည့်မှတ်ယူထားလိုက်သည်။

"ရောက်ပြီငယ် "

ရေတံခွန်လေးရယ်၊ကန်ရေပြင်လေးဘေးက မြက်ခင်းပြင်တို့ရယ်က နည်းနည်းလေးမှ မပြောင်းလဲ ။ထို့အတူ မခ ရဲ့ စိတ်အစဉ်တို့က ရင်ခုန်တတ်စ ဆယ်ကျော်သက်လေးလို စိတ်လှုပ်ရှားလာသည်။ အလုပ်ကနေ ပြန်ရောက်ရောက်ချင်း စွန်သွားလွှတ်ရအောင်လို့ ပြောလာတဲ့ ကိုကို စကားကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပေမယ့် အခု လက်တွေ့ ရောက်ရှိနေပြီ ။

ဆိုင်ကယ်ရပ်ကာ နှစ်ယောက်လုံး မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်ပြီး ရေပြင်လေးကို မျက်နှာမူထားမိသည်။ ထို့နောက် ထောက်ထားသော မခ လက်ပေါ် အုပ်မိုးကိုင်လာတဲ့ လက်တွေဟာ နူးနူးညံ့ညံ့။မဟုတ်သေးဘူး ဆွဲယူ နမ်းရှိုက်လိုက်တဲ့ နှုတ်ခမ်းပါးက ပိုပြီး နူးညံ့သည် ။ ထိုနှုတ်ခမ်းရာထိခဲ့တဲ့ လက်ဖမိုးကိုပဲ တစ်ထည်ရာတည်း အမြန်ပြန်ယူနမ်းလိုက်တော့ မပျောက်ကွယ်သေးတဲ့ အငွေ့သက်လေးနဲ့အတူ ကျွန်တော် ပြုံးချိန် တွေတွေ​ငေးကြည့်လာသော ကိုကိုစိတ်ထဲမှာ ဒီကောင်လေး ရူးလှချည်လားလို့ တွေးချင် တွေးနေနိုင်သည်။မခဆိုတာ သောမာန်နဲ့ ပတ်သတ်ရင် ဆေးမမှီတာ အခုမှ မဟုတ်... ဟိုအရင်ချိန်ကတည်းက ။

ဟေမန်ခသော နွေWhere stories live. Discover now