Ep -28 (Unicode)

8.1K 995 92
                                    

ရေစိုနေတဲ့ တံတားပေါ် ဆောင့်ကြောင့်ထိုင်ချရင်း ဖုန်းကို အောက်သို့ နိုမ့်နိုင်သလောက် နိုမ့်ကာ ချိန်လိုက်သည်။မိုးအနည်းငယ်ရွာပြီး ပိတ်ရက်မဟုတ်တာကြောင့် လူရှင်းနေလို့သာ မဟုတ်ပါက ဓာတ်ပုံကုန်းရိုက်နေတဲ့ သူ့ကို အနောက်ကနေ တတ်နင်းသွားကြမှာ။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးထဲက တံတားတစ်ခုပေါ်တွင်ဖြစ်သည်။နိုမ့်ရာကနေ တဖြည်းဖြည်းမြင့်သွားတဲ့ သစ်သားပြားတွေ ဘေးက ဘောင်တန်းကို မှီကာ အပီအပြင် ဂိုက်များနေသော နိုင်ထက်၊ တစ်နည်းအားဖြင့် အနုပညာလောကမှာ တက်သစ်စ မော်ဒယ်ဖြစ်ပေမယ့် လက်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့ သျှား ။နိုင်ထက်သျှားဆိုတဲ့​နာမည်မှာ အနုပညာ နာမည်ကို တစ်လုံးတည်းယူထားတာ ဖြစ်သည်။

"အစ်ကိုနိုင်ထက် အပေါ်ကို နည်းနည်းမော့ကြည့်တဲ့ ပုံစံလေး .... OK "

ရှည်လွန်းတဲ့ အရပ်ကို အ​အောက်ကနေ ပင့်ရိုက်သော်လည်း အချိုးစားကျတဲ့ ခန္ဓာကိုယ်ကြောင့်​ဘယ်ရှု့ထောင့်က ဖြစ်ဖြစ် Cancel တဲ့ ပုံနည်းသည်။စိမ်းစိုနေတဲ့ အပင်အကိုင်းခတ်တွေ့ကြားကနေ ပေါ်နေသော မိုးသားဖြူဖြူတွေက အနောက်ခံ မှာ အရောင်တောက်နေသော်လည်း အနက်ရောင်ရှပ်အင်္ကျီနဲ့ ဖြူဖွေးလှတဲ့ အသားကြောင့် လူက မှိန်မသွားပဲ လုံးဝ လိုက်ဖက်နေသည်။

"မခ ငါ နည်းနည်း လှမ်းတဲ့ နေရာကလည်း ရိုက်ချင်သေးတယ် "

"အင်း .... အပေါ် ဆက်တက်လိုက် ဒီနားလေးက Colour ကောင်းတော့​ချိန်ရတာ အဆင်ပြေတယ် "

"OK "

စိတ်ကြိုက်လိုက်ရိုက်ပေးပြီးမှ မိုးနည်းနည်းပြန်သည်းလာတာကြောင့် နားလိုက်ရသည်။ ဒါတောင် Coffee ဆိုင်ထဲမှာ indoorရိုက်မယ် ဆိုပြီးထပ်ရိုက်ပေးရသေးသည်။ လွန်ခဲ့တဲ့ လေးနှစ်ကနေ စပြီး မထင်မှတ်ပဲ မခက နိုင်ထက်ရဲ့ Photographer ဖြစ်နေခဲ့သည် ။
ထိုအချိန်က မခကို စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ထက်ကအိမ်ကိုနေ့တိုင်းလာနေတတ်သည်။ တစ်ရက်ကျတော့ Facebook မှာ ဓာတ်ပုံပြိုင်ပွဲတစ်ခုကို စိတ်ဝင်စားတယ်ပြောပြီးအရင်ကတည်းက မိုက်နေတဲ့ Body ကို ရေချိုးခန်းထဲမှာ ရိုက်ချင်တယ် ဆိုတော့ မခ ကူပေးလိုက်ရာက​နေစတာပဲ။

ဟေမန်ခသော နွေWhere stories live. Discover now