Ep-41(Unicode)

8.2K 982 67
                                    

ရွာဆေးရုံလေးရဲ့ အခန်းတစ်ခုရှေ့မှာ စိုးရိမ်စိတ်ကြီးစွာနဲ့ ရပ်နေတဲ့လူတစ်ယောက်။ ခြေထောက်တွေမှာ အားမရှိတော့ပဲ ယိုင်ကျချင်နေသော်လည်း ပူပန်တဲ့စိတ်က အခန်းငယ်လေးကိုသာ လှမ်းကြည့်ရင်း ရပ်စောင့်နေမိသည်။

"မခ အစ်ကို့အခြေနေဘယ်လိုရှိလဲ "

အမောတကော ပြေးလာတဲ့ ရှင်ငြိမ်းက မခကို မေးသည်။

"ခေါင်းက ဒဏ်ရာက အရမ်းမနက်ဘူးလို့တော့ပြောတာပဲ ။ဒါပေမယ့် သွေးထွက်များတာကြောင့် အခုထိတော့ အခြေနေအတိကျမသိရသေးဘူး"

တုန်ရီချင်နေတဲ့အသံကို ထိန်းပြောလိုက်ရသည်။အော်ငိုချင်စိတ်ပေါက်နေပေမယ့် ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့သူက သောကများနေသော မိန်းကလေးဖြစ်သူရှင်ငြိမ်းထက် ပိုဆိုးနေလို့ ဘယ်ဖြစ်ပါ့မလဲ ။ ထိုင်ခုံပေါ် အရုပ်ကြိုးပျက်သလို ထိုင်ချပြီးနောက်နဖူးက ဆံပင်ကိုလက်နဲ့ ခပ်ကြမ်းကြမ်းမတင်ကာ လက်ကို ပြန်မချဘဲ ထောက်ထားရင်း ရှင်ငြိမ်းငိုသည်။

သားဖြစ်သူ ဆံချတဲ့ နေ့မှာပဲ အဖေဖြစ်သူ ဒီလို ကြုံရတာကြောင့် ငိုတာမဆန်းပါ။

"တောင်းပန်ပါတယ် မခရယ်၊ ငါ့အမေကြောင့် ... ဒီလိုတွေ .."

"အဲ့ဒါတွေ မပြောပါနဲ့အုံး ၊ ငါ့စိတ်ကို အခုထိ ငြိမ်အောင်မထားနိုင်သေးလို့"

ရှင်ငြမ်းက ငိုမြဲ အတိုင်း ဆက်မပြောတော့။ ခဏကြာတော့ ဆရာဝန်နဲ့ သူနာပြုတွေထွက်လာပြီး သောမာန်ကို လူနာဆောင်ပြောင်းပေးသည်။
သတိတော့မလင်သေးပေ။ခေါင်းပေါက်သွားတယ်ဆိုပေမယ့် စိုးရိမ်စရာ မရှိဘူးဆိုပြီး ဆရာဝန်ကပြောသည်။ ဒါပေမဲ့ အခုထိ ကျွန်တော့်စိတ်ကို ငြိမ်အောင် မထားနိုင်သေးပါ။
ခေါင်းက ပတ်တီးစည်းထားပြီး လက်တွေမှာလည်း ဒဏ်ရာအပြည့်နဲ့ ထိခိုက်သွားတဲ့နောက်ကျောကို မကြည့်ရဲ။ဆရာဝန် ပြောသွားတဲ့စကားထဲမှာ ခေါင်းက ထွက်တဲ့သွေးတွေထက် နောက်ကျောက ပိုများနေတယ် ဆိုတာ ကျွန်တော် ထမ်းခေါ်လာကတည်က သိနေပြီးသား။သူ လှဲနေတဲ့ ခုတင်ဘေးမှာ ဝင်ထိုင်ရင်း ကြည့်နေမိသည်။

"မခ ငါလိုအပ်တာလေးတွေ ပြန်ယူလိုက်အုံးမယ်နော် "

အခုထိုင်နေတဲ့ ခုတင်ဘေးက ခုံဟာ ရှင်ငြိမ်းနေရာဖြစ်သော်လည်း ဖယ်မပေးမိ။ ခေါင်းညိတ်ပြလိုက်တော့ ရှင်ငြိမ်း အခန်းပြင်ထွက်သွားသည်။

ဟေမန်ခသော နွေWhere stories live. Discover now