အခမ်းနားတစ်ခုရဲ့ အရေးပါသော ပုဂ္ဂိုလ်နေရာမှာ ထိုင်နေသော လမင်းမောင်တစ်ယောက် စင်ပေါ်က သျှားကို သေချာအကဲခတ်နေသည်။ချောမောတဲ့ မျက်နှာမှာ အရင်လို အပြုံးမရှိတော့ပဲ တည်တံ့သွားတာက စွဲဆောင်မှု တစ်မျိုးဖြစ်နေသည်။သွားတက်နှစ်ဖက်ပေါ်အောင် ပြုံးတဲ့အခါ ပျိုမဒီတွေ သည်းသည်းလှုပ် ဆိုသော်လည်း အခုလို ဂျစ်ကန်ကန် မျက်နှာပေးကလည်း ရူးသွပ်စေနေတုန်းပဲ။
သို့သော် ဘေးနားရှိနေခဲ့တဲ့ အချိန်ခါအရ သျှားပြောင်းလဲ လာတာ လုပ်ငန်းအတွက်မဟုတ်ဘဲ သူ့စိတ်ခံစားချက်က ဖြစ်နေတယ် ဆိုတာ ရိပ်မိသည်။သျှားရဲ့ round ပြီးတော့ လမင်းမောင်လည်း အနောက်နားနေဆောင်ဘက် ထွက်လာလိုက်ပြီး နောက်ထပ်လူတွေ ညွှန်ကြားနေတဲ့ ယုဆီ သွားလိုက်သည်။
"ယု စောစောက ကိတ်မုန့်ဘူးရော "
စာရင်းစာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေသော ယုက လမင်းမောင် အမေးကြောင့် ဘေးက လက်ထောက်ကို လွှဲထားခဲ့ကာ သူမ ကိုယ်တိုင် လိုက်လာသည်။
"ယုရော လိုက်ခဲ့မယ်မောင် သျှားစိတ်က ပြောမရဘူး မောင့်ကိုတစ်ခုခု လုပ်လိုက်လိမ့်မယ် "
လူကောင်သေးသလောက် ဘယ်နေရာမဆို ခပ်သွက်သွက် ပုံစံလေးနဲ့ ယုကြောင့် လမင်းမောင် သဘောကျစွာရယ်နေမိသည်။အမှန်တိုင်းပြောရရင် သူ့ရဲ့ဖြစ်တည်မှုက Bisexual (လိင်နှစ်မျိုးလုံးစိတ်ဝင်စားသူ) ဆိုသော်လည်း ယုနဲ့ တွေ့ပြီးနောက်ပိုင်း သူ့စိတ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားမိသည်။
"အဲ့အန်တီက ဘာပြောသွားသေးလဲ "
"သူကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မုန့်လို့ ပြောပေးပါတဲ့၊ မောင်ထင်တာတော့ သျှားရဲ့ အမေလားမသိဘူး မျက်နှာပေါက်က တော်တော် ဆင်တယ် ၊မောင်က စောင့်နေပါအုံးပြောတာကို သျှားက သူ့ကိုတွေ့ရင် စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုပြီးတန်းပြန်သွားတာ "
သျှားရှိတဲ့ အဆောင်ဆီ သွားနေရင်း နှစ်ယောက်သား ထင်မြင်ချက် ပေးနေခြင်းဖြစ်သည်။
"မောင် ""ဟင် "
"ယုထင်တာလေ မောင်ငယ်ငယ်တုန်းက သူအနိုင်ကျင့်တဲ့ ကိစ္စမှာ အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်။ အခုအခြေနေနဲ့ တွက်ကြည့်လိုက်ရင် အဲ့ တုန်းက မောင့်အမေ ကိတ်မုန့်လုပ်ပေးလိုက်လို့ ဖြစ်တာမလား တူမနေဘူးလား"
YOU ARE READING
ဟေမန်ခသော နွေ
Romanceမိသားစု ပြဿနာတွေကြောင့် မေတ္တာလိုနေတဲ့ ကလေးတစ်ယောက်၊ သူပထမဆုံး နှစ်သက်စွဲလမ်းမိတဲ့ လူက အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သလို ပူဆွေးခြင်းတွေလည်း ဒွန်တွဲပါလာခဲ့သည်။ ထိုကလေး ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်မူက ချောက်ကမ်းပါးလား? စွန့်လွတ်ခြင်းလား? မိသားစု...