Ep-8(Unicode)

10.4K 1.3K 43
                                    






ရေကစားကွင်းမှာ လာရောက်ဆော့ကစားကြတဲ့သူတွေနားနေနိုင်ဖို့ အဆောင်ငယ်လေးတွေ ထားရှိပေးသည်။ တချို့က ထမင်းစားဖို့အတွက် နေရာယူကြပြီး တချို့ကတော့ တရေးတမော အိပ်စက် ကြသည်။ တစ်ဖွဲ့ကို တစ်ဆောင်ပေးထားတာကြောင့် ကိုယ့်နေရာလေးနဲ့ကိုယ် သက်သောင့်သက်သာရှိလှသည် ။

ရေကန်ထဲကနေ သုံးယောက်သား တက်လာပြီး စားစရာများဖြင့် အသင့်စောင့်ကြိုနေသော အမေနှစ်ဦးထံ ပြေးလာကာ အနားရောက်တော့ ဆရာမယဉ်က

"ဆော့လို့ဝကြပြီလား ကလေးတွေ လာလာ အဝတ်လဲပြီး ထမင်းစားကြရအောင် "

ဘုန်းမြတ်နဲ့ သောမာန်ဖို့ အဝတ်တစ်စုံစီနှင့် ပုဆိုးပါ ထုတ်ပေးလိုက်ပြီး ထိုအဆောင်မှာတင်လဲစေသည်။သို့သော် ဒေါ်မိုးမခနွယ်က အိတ်ဖြင့်ထုတ်ထားသော အဝတ်တစ်စုံကို ပေးလိုက်ပြီး မခက အခြားတစ်နေရာကိုထွက်သွားတာကြောင့် သောမာန်မေးလိုက်သည်။

"မခက ဘယ်သွားတာလဲအန်တီ "

"အဝတ်သွားလဲ သား "

"ဒီမှာလဲလို့ရနေတာကို "

သူ့ထက် အသက်ကြီးပြီး လူပျိုပေါက် အရွယ်ရောက်နေတဲ့ ဘုန်းမြတ်တောင် ပုဆိုးနဲ့ ဒီနားတင် လဲသည်။ သူကဘာကိုရှက်နေရပြန်တာလဲဆိုသော အတွေးက အလိုမကျစွာ ။

"ငယ်သွေးက ရှက်တတ်တာလားတော့ အဒေါ်လည်းမသိဘူး။အိမ်မှာရေချိုးခိုင်းရင်တောင် ရေချိုးခန်းထဲ လဲစရာတခါတည်းယူသွားတတ်တယ်"

ခေါင်းငြိမ့်ပြလိုက်ပြီး ထမင်းဝိုင်းမှာ ဝင်ထိုင်ကာ ခပ်သုတ်သုတ်လေး ထွက်သွားတဲ့ဘက်ကိုလှမ်း အကြည့်တို့ မြဲမြံလျှက်။တစ်ယောက်တည်းဖြစ်ပါ့မလားဟု အတွေးက မခေါ်ပဲဝင်ရောက်သည်။

"သားတို့ ဆော့ကြတာမြန်သားပဲထမင်းစားပြီး ထပ်ဆင်းအုံးမှာလား"
"ဟင့်အင်း "

"ဘာလို့လဲသားမာန်ရဲ့ "

"သူအဲ့ထဲမှာ ရှူးပေါက်ချထားတယ်"

ဘေးနားမှာ ပုဇွန်ဟင်းခွက်နဲ့ အကြည့်စိုက်နေသော ဘုန်းမြတ်ကို လက်ညိုးထိုး​ကာ ပြောသည်။

ဟေမန်ခသော နွေWhere stories live. Discover now