(Unicode)
နာကျင်မျက်ရည် - 1 (Bl story)
"မျက်ရည်.....
မျက်ရည် ဆိုတာ ငါ့အတွက်တော့ မထူးဆန်းတော့ပါဘူး.... ငါ မင်းအတွက် ကျခဲ့ရတဲ့ မျက်ရည်တွေ က မနည်းတော့ဘူးလေကွာ.....
ငါ ...အတွက် မျက်ရည် ဆိုတာ က အဖော်မွန် ကောင်းတစ်ယောက်လိုတောင်ဖြစ်နေပါပြီ..."
ညီမင်းခ တစ်ယောက်တည်း ရေရွတ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ကောင်းကင်ကြီးမှာ မိုးသား တွေ ကင်းစင်နေပြီး
ပြာလွင် လျှက်ရှိသည်။"အော် ...မိုးပြာ ရောင် ...ရှိုင်းသိပ်ကြိုက်တဲ့ အရောင် ပဲ ...." သူ ထပ်မံရေရွတ်မိသည်။
ခံစားချက်တွေကို မျိုသိပ် ပြီး သူလမ်းဆက်လျှောက်လာခဲ့သည်။ တစ်နေရာ အရောက်မှာ သူ့ရဲ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။ ရင်ထဲ မှာ လည်း လှိုက်တက် လာပြီး တဆစ်ဆစ် နာကျင်လာသည်။
ချက်ချင်းပဲ နံေဘးနားမှ ခြုံ ပုတ်လေး ကို ကွယ်ပြီး ပါးစပ်ကို အုပ်လိုက်သည်။
" ရှိုင်း.... မင်းပြန်ရောက်နေပြီ လား ..." သူ စိတ်ထဲမှ မေးေနမိသည်။
ရှိုင်းကတော့ သူ့ကိုမမြင်ဘဲကောင်မလေး တစ်ယောက်ကို ပုခုံးဖက်ပြီး ထီးလေးမိုးလျက် ထွက်သွားသည်။
မျက်ဝန်းထဲမှ မျက်ရည်စတွေ က ပါးပြင်ပေါ်မှာ စီးကျလာသည်။
ထွက်သွားသော ရှိုင်း ရဲ့ကျောပြင်ကို ငေးရင်း
သူအနာက်မှ ပြေးဖက်လိုက်ချင်သည်။သို့သော်
ရှိုင်းနံဘေးမှာက ကောင်မလေး တစ်ယောက်နှင့် မို့ သူ စိတ်ကို ထိန်းလိုက်ရသည်။ညီမင်းခ မျက်ရည်တွေ ကို သုတ်လိုက်ပြီး
ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည်။" ငါ ...ငါဘာတွေဖြစ်နေတာလဲ ...ငါ က ရှိုင်းရဲ့ သူငယ်ချင်းလေ ...သူနဲ့ ဘာမှ ဆိုင်တာလည်း မဟုတ်ဘူး ...ပြီးတော့ ...ပြီးတာ့ ဆိုင်လို့လည်း ရတာမှ မဟုတ်တာ ..." ညီမင်းခ က ရင်ထဲမှာ နာကျင်နေပေမယ့် ပြုံးပြီး တစ်ယောက်တည်း စကားတွေ ပြောရင်း အိမ်ပြန်လာခဲ့သည်။
စိတ်မပါ လက်မပါနှင့် လှေကားကို တစ်ထစ်ချင်းတက်နေရင်း သူ့ စိတ်တွေ မွန်းကျပ် နေသည်။
ŞİMDİ OKUDUĞUN
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romantizmလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ