(၇)

38.6K 4.9K 828
                                    

"မြရယ် လိုက်ခဲ့စမ်းပါ"

မြတင့်နှင့် မထားမေတို့ မြတင့်၏ခြံထဲတွင် ထိုင်နေစဉ် ထားမေက မြတင့်၏ လက်ကို လှုပ်ယမ်းပြီး ချွဲနေလေသည်။ မြတင့်သည် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တည်ကြည်စွာပြော၏။

"ထားမေလို အပျိုပေါက်လေးက မြလိုယောက်ျားတစ်ယောက်ရဲ့လက်ကို မကိုင်သင့်ဘူးလေ၊  ထားမေက မြကို ယောက်ျားတစ်ယောက်လို့ မမြင်တော့တာလား"

မထားမေးသည် ကြောင်အသွားကာ ပြောစရာစကား ရှာမရတော့ပါချေ။ သို့ရာတွင် မထားမေသည် မြတင့်အား ယောက်ျားတစ်ယောက်ဟု မမြင်မိပါချေ။

"ထားမေ သတိမထားမိလိုက်လို့ပါ မြရယ် ၊ ဒါပေမယ့် လိုက်ခဲ့စမ်းကွယ် ၊ ကိုကိုလည်း လိုက်မှာမို့လေ"

မြတင့် တွေးမိသည်။ သူက ဘာကြောင့်များ လွန်းမောင်လိုက်မည်ဆိုတာနဲ့ ထားမေခေါ်ရာနောက်သို့ လိုက်ရမည်နည်း။

"မြတော့ ဈေးချိုဘက် မသွားချင်ဘူးကွယ်၊ ဖြစ်နိုင်ရင် မြ လူတွေကြား မသွားချင်ဘူး"

ထိုစဉ် လွန်းမောင် ရောက်လာသည်။ လွန်းမောင်သည် မြတင့်ခြံကို သူ့ကိုယ်ပိုင်ခြံနှယ် သဘောထားနေသည့်ဟန် ရှိသည်။ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်တတ်လွန်းသည်။

"မြ လူတွေကို ကြောက်နေသလား"

မြတင့် လွန်းမောင်ကို တစ်ချက်သာ ကြည့်လိုက်သည်။ မြတင့်သည် အနီရောင်ရင်ဖုံးနှင့်ထမိန်ကို ဝတ်ဆင်ထားသည်။ နှုတ်ခမ်းတို့ကိုမူ အနီရင့်ရင့် ခြယ်သထား၏။ ထိုနှုတ်ခမ်းတို့အထက်တွင် မဲ့ပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

လွန်းမောင်သည် ထိုမဲ့ပြုံးလေးကိုပင် စွဲနေရပါ၏။ ရူးနေရပါ၏။ မူးနေရပါ၏။

"မြ လူတွေကိုမကြောက်ပါဘူး မောင်ရယ်၊ လူတွေရဲ့စကားတွေကိုသာ မြ ကြောက်မိတာပါ"

မြတင့်က သာမန်လေးသာ ပြောလိုက်သော်လည်း လွန်းမောင်၏ စိတ်ထဲတွင် ဝမ်းနည်းမှုလေးတစ်ခု ဖြတ်ပြေးသွားသယောင် ခံစားလိုက်ရပါ၏။

"မောင်ရှိတယ်လေ မြရယ်၊ မြအနားမှာ မောင် ရှိနေပါတယ်"

မြတင့်သည် လွန်းမောင်ကို မော့ကြည့်လိုက်သည်။ အံ့သြခြင်းတို့ပါဝင်နေသော နှုတ်ခမ်းရဲရဲသည် အနည်းငယ်ပွင့်ဟသွားသည်။

မြတင့်Where stories live. Discover now