(၂၈)

27.6K 3.9K 640
                                    

မြတ်သိန်းသည် ထိုနေ့ညတွင် ထားမေအား အညာမြေသို့ ခိုး​ပြေးသွားခဲ့သည်။

ကျန်ခဲ့လေသော ဦးညွန့်နှင့် ဒေါ်စိန်တို့မှာ အင်မတန် ဒေါသထွက်ကြရတော့သည်။

ထွက်လည်း ထွက်ချင်စရာပင်။ ဦးညွန့်တို့ ဒေါ်စိန်တို့ဟူသည် ဂုဏ်ပကာသနကို အင်မတန် မက်မောသူများ ဖြစ်ကြရသည့်အတွက် မြတ်သိန်းကဲ့သို့သော ခြံစောင့်သာသာလူနှင့် ထားမေးအား မည်သို့များ သဘောတူနိုင်မည်နည်း။

ထို့အပြင် မြတ်သိန်း၏ အလုပ်ရှင်ဟု သူတို့ယူဆထားကြသော မြတင့်အပေါ်၌လည်း သိပ်ကျေနပ်ပုံမပေါ်ကြပါချေ။

သို့ရာတွင် အဘယ်သော မျက်နှာပြောင်မှုမျိုးနှင့် မြတင့်အား ပြောဆိုရဲပါ့မည်နည်း။ မြတင့်သည် သူတို့မိသားစုအတွက် သူ၏ အရှက်နှင့်သိက္ခာကို ကြေးထပ်ခဲ့သည်လေ။

သို့ကြောင့် အောင့်ကာအီးကာဖြင့် မြတင့်အပေါ်ဝယ် မပြောရဲ မဆိုရဲ ရှိကြလေသည်။ မြတ်သိန်းအပေါ်၌သာ စုပုံ၍ ဒေါသတို့ ဖြစ်ကြလေသည်။

လွန်းမောင်ကတော့ ဆိုးသည်၊ ကောင်းသည် ဘာမှဝင်မပြောပါချေ။ သေချာသည်မှာ သူ မြတင့်အပေါ် လုံးဝစိတ်မကွက်ခြင်းပင်။ စိတ်ကွက်ပါရန် လွန်းမောင်မှာ အခွင့်အရေးလည်းမရှိ။

သုံးရက်မြောက်နေ့တွင် မြတ်သိန်းသည် လူကြီးစုံရာဖြင့် ထားမေအား လာအပ်လေသည်။ သို့ဖြစ်၍ မြတင့်သည်လည်း လွန်းမောင်တို့အိမ်သို့ သွားကို သွားရပေသည်။

ဦးညွန်နှင့် ဒေါ်စိန်တို့မှာ မြတင့်အား မြင်သည့်အခါ အို့တို့အမ်းတန်း ဖြစ်ကုန်ကြ၏။ မြတင့်အား မျက်နှာမပြဝံ့ကြသလို၊ မျက်နှာချင်းလည်းမဆိုင်ချင်ကြသည့်နှယ်။

မြတ်သိန်းသည် မြတင့်အား မြင်လေသော်လည်း မမြင်ချင်ယောင်ဆောင်နေပေသည်။ သို့ရာတွင် တစ်ချက်တစ်ချက်တော့ မြတင့်အား ခိုးကြည့်မိသေးသည်။

လွန်းမောင်ကတော့ မြတင့်နှင့် မလှမ်းမကမ်းနေရာတွင် ထိုင်ကာ မြတင့်အား အစဥ်တစိုက် ကြည့်နေခဲ့သည်။

ဦးညွန့်တို့သည် ထားမေအား မင်္ဂလာဆောင်ပေးချင်သော်လည်း မြတ်သိန်းက သဘောမတူပါချေ။ အဘယ်သောစိတ်မျိုးနှင့် မြတ်သိန်းသည် ထားမေနှင့် မင်္ဂလာဆောင်နိုင်မည်နည်း။

မြတင့်Where stories live. Discover now